ပလိပ်ရောဂါ
From Wikipedia, the free encyclopedia
ပလိပ်ရောဂါသည် ယာဆင်နီယာ ပက်စ်တစ် (Yersinia pestis) ခေါ်သည့် ဘက်တီးရီးယား ကြောင့် ဖြစ်ပွားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါ ဖြစ်သည်။ ပြင်သစ်−ဆွစ်လူမျိုး ဘက်တီးရီးယား ပညာရှင် အလက်ဇန္ဒား ယာဆင် (Alexendre Yersin)က အဆိုပါ ပိုးကို တွေ့ရှိခဲ့သည်။ ရောဂါပိုးကို ကြွက်များက အဓိကသယ်ဆောင်ပြီး ကြွက်သန်း(လှေး) များမှတဆင့် ပြန့်ပွားသည်။ ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံးရောဂါအဖြစ်အမည်ဆိုးဖြင့် ကျော်ကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအသွင်ကျရောက်တတ်သောကြောင့် အဓိကစောင့်ကြည့်ရမည့်ရောဂါအဖြစ် ၂၀၀၇ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ထားသည်။
အချက်တိုများ ပလိပ်ရောဂါ, အထူးပြု ...
ပလိပ်ရောဂါ | |
---|---|
Yersinia pestis seen at 200× magnification with a fluorescent label. This bacterium, carried and spread by fleas, is the cause of the various forms of the disease plague. | |
အထူးပြု | ကူးစက်ရောဂါ |
ပိတ်ရန်