ပဉ္စဝဂ္ဂီငါးဦး
From Wikipedia, the free encyclopedia
ပဉ္စဝဂ္ဂီ၏ အဓိပ္ပာယ်မှာ ငါးယောက်အစုဟူ၍ ဖြစ်သည်။ ဘုရားလောင်း သိဒ္ဓတမင်းသား ဖွားမြင်တော်မူစကပင် ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု နိမိတ်လက္ခဏာ ဖတ်ကြားခဲ့သော သုဒတ္တပုဏ္ဏားနှင့် အပေါင်းအပါလေးဦးတို့သည် ဘုရားလောင်းတောထွက်လျှင် ယင်းတို့လည်း တောထွက်ရဟန်းပြုခဲ့ကြသည်။ သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ရောက်၍ ဦးစွာဟောကြားတော်မူသော ဓမ္မစကြာတရားကို နာကြားခဲ့ကြရပြီးလျှင် ဧဟိဘိက္ခုရဟန်း အဖြစ်သို့ ရောက်ကြသည်။ ထိုငါးယောက်တစ်စုကို ပဉ္စဝဂ္ဂီ ဟူ၍လည်းကောင်း၊ ဝဂ္ဂီ ဟူ၍လည်းကောင်း ကျမ်းဂန်များ၌ ဖော်ပြ၏။ ပဉ္စမှာ (၅) ဖြစ်ပြီး ဝဂ္ဂီမှာ အစုဟု အဓိပ္ပာယ်ရသည်။