ပခုက္ကူမြို့
မြန်မာနိုင်ငံအတွင်းရှိ မြို့ / From Wikipedia, the free encyclopedia
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး၊ တိုင်းဒေသကြီး၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ ပခုက္ကူမြို့မှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်၏။ ပခုက္ကူခရိုင် ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ဧရာအနောက်မြို့တော် ဟုလည်း ထင်ရှားသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက်တွင် တည်ရှိပြီး၊ ၁၁၅ မိုင်ခန့် ကွာဝေးသည်။ မြန်မာနိုင်ငံ၌ အရှည်ဆုံးတံတားဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) တည်ရှိရာမြို့လည်း ဖြစ်သည်။
အချက်တိုများ ပခုက္ကူမြို့ ဧရာအနောက် မြို့တော်, နိုင်ငံအမည် ...
ပခုက္ကူမြို့ ဧရာအနောက် မြို့တော် | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 21°20′N 95°05′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | ပခုက္ကူ |
လတ္တီကျု | (၂၁)ဒီဂရီ၊ (၂၀)မိနစ် |
လောင်ဂျီကျူ | (၉၅)ဒီဂရီ၊ (၄)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | ပခုက္ကူမြို့ |
လူဦးရေ | ၃၂၀၀၀၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်