နိုဘယ် ငြိမ်းချမ်းရေးဆု
အဲဖရက်နိုဘယ် ချီးမြှင့်ခဲ့သော နိုဘယ်ဆု အမျိုးအစား ၅ မျိုးထဲမှ တစ်ခု / From Wikipedia, the free encyclopedia
ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှုပညာရှင် အဲလ်ဖရက် ဘနာ့ဒ် နိုဘယ်မှ ပေးအပ်ချီးမြှင့်သော နိုဘယ်ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။ နိုဘယ် ၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘယ် ဆုကို နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင် ဖြစ်ခြင်း လျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘယ် ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။
ငြိမ်းချမ်းရေး နိုဘယ်ဆု Nobel Peace Prize | |
---|---|
ဆုပေးအပ်ခြင်းအကြောင်း | ငြိမ်းချမ်းရေးတွင် ထူးထူးချွန်ချွန်ဆောင်ရွက်နိုင်မှု |
ဆုတံဆိပ်ပေးအပ်သူ | အဲလ်ဖရက် နိုဘယ်၏ပိုင်ဆိုင်မှု ကိုယ်စား နော်ဝေးဂျီယံ နိုဘယ် ကော်မတီ မှ |
နေရာ | အော့စလိုမြို့ |
နိုင်ငံ | နော်ဝေ |
ပထမဆုံးဆုတံဆိပ် | ၁၉၀၁ |
ဝက်ဘ်ဆိုဒ် | Nobelprize.org |
အဲလ်ဖရက် နိုဘယ် ၏ သေတမ်းစာအရ နိုဘယ် ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘယ် ဆုကို နှစ်စဉ်နှစ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော့စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘယ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင်ကျင်းပပြီး၊ ဆုပေးပွဲကို အစဉ်သဖြင့် အော်စလိုမြို့တော် ခန်းမတွင် ကျင်းပသည်။ ဥပဒေဌာန၊ အော်စလိုတက္ကသိုလ်(၁၉၄၇-၈၉)၊ နော်ဝေးဂျီယံနိုဘယ် ဌာန(၁၉၀၅-၄၆) နှင့် ပါလီမန်(၁၉၀၁-၀၄)တို့တွင်လည်း ကျင်းပခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ် ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံ နိုဘယ် ကော်မတီ(Norwegian Nobel Committee) တာဝန်ယူ ဆောင်ရွက်ရသည်။
၎င်း အခမ်းအနားသို့ နော်ဝေနိုင်ငံ၏ ဘုရင်မင်းမြတ် တက်ရောက်သည်။ အော်စလိုမြို့တွင် ကျင်းပသော အခမ်းအနားတွင် နိုဘယ် ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌမှ ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်တွင် ဆုပေးအပ်ချီးမြှင့်သည်။ ကမ္ဘာ့ပြည်သူတစ်ရပ်လုံး၏ မျက်မှောက်တွင် နိုဘယ် ဆုရှင်သည် ဆုပစ္စည်း ၃ မျိုးလက်ခံရရှိသည်။ ၎င်း ဆုပစ္စည်း၃ မျိုးမှာ
- ဒီပလိုမာ
- ဆွဲပြား
- ဆုကြေးငွေ ပမာဏ ဖော်ပြထားသော ဆုလက်မှတ် တို့ ဖြစ်ကြသည်။
နိုဘယ် ဆု ချီးမြှင့်သည့် အခမ်းအနားအပြီး နောက်နေ့တွင် နိုဘယ် ဆု နှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလို မြို့တော်ခန်းမတွင် ကျင်းပသည်။ ၎င်းပွဲကျင်းပပုံကိုလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လူသန်းပေါင်း ၄၅ဝ ကျော်ထံသို့ လေလှိုင်းမှ ထုတ်လွှင့်သည်။ ၎င်းပွဲလမ်းသဘင်သည် ကမ္ဘာ့ကျော်များ တက်ရောက်ပြီး ကမ္ဘာ့နှင့်ချီ၍ ကြီးကျယ်ခန်းနားသော အခမ်းအနားဖြစ်သည်။ နိုဘယ် ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရန်ဖန်ရံခါ အငြင်းပွားဖွယ်များ ကြုံရသည်မှာ နိုဘယ် ဆုရှင်သည် ယခင်က အကြမ်းဖက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ဤငြိမ်းချမ်းရေး နိုဘယ် ဆု သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်း မရှိသော တစ်ခုတည်းသော နိုဘယ် ဆု ဖြစ်သည်။
လက်တလောတွင် ငြိမ်းချမ်းရေး နိုဘယ် ဆု ရွေးချယ်ပေးအပ်မှုကို ဝေဖန်ပြောကြားမှုများရှိသည်။ ထိုအထဲတွင် ရရှိခဲ့ကြသည့် Lê Ðức Thọ/Henry Kissinger, Yitzhak Rabin/Shimon Peres/ရာဆာအာရာဖတ်, ဂျင်မီကာတာ, အဲလ်ဂေါ, ဘာရက် အိုဘားမားနှင့် ဥရောပသမဂ္ဂတို့ရရှိခြင်းများကြောင့်၊ တစ်ဦးတစ်ယောက်ရထိုက်သင့်သူများ မရရှိခဲ့ကြသူများအတွက် မိုဟန်ဒက်စ် ဂန်ဒီ၊ ကန် ဆာရို-ဝီဝါ၊ ဒိုရိုသီ ဒေး၊ မောဒယ်ချိုင် ဗာနူနူ၊ ဂျင်ရှာ့ပ်၊ ဆာရီ နူဆိမ်ဘေး နှင့် ဘရဒ်လီ မန်နင်းတို့ တို့အပါအဝင်ဖြစ်သည်။