နိုင်ငံတော်အလံ
နိုင်ငံ သို့မဟုတ် လူမျိုးအလံ / From Wikipedia, the free encyclopedia
နိုင်ငံတော်အလံသည် နိုင်ငံတစ်ခု၏ သင်္ကေတဖြစ်သည်။ နိုင်ငံတော်အလံကို ယင်းနိုင်ငံ အစိုးရမှ လွှင့်ထူလေ့ရှိသလို ယင်းနိုင်ငံသားများမှလည်း လွှင့်ထူနိုင်သည်။
စာသင်ကျောင်းများ၊ အစိုးရရုံးများ၊ တရားရုံးများ ကဲ့သို့သော ပြည်သူပိုင် အဆောက်အဦးများတွင် နိုင်ငံတော်အလံကို လွှင့်ထူထားလေ့ရှိသည်။ အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် နေ့ရက်များတွင် စစ်ဖက်မဟုတ်သည့် အဆောက်အဦးများတွင်သာ လွှင့်ထူကြသည်။
နိုင်ငံတော်အလံတွင် ကုန်းမြေပေါ်တွင် လွှင့်ထူသည့် အလံ ၃ မျိုးနှင့် ပင်လယ်ရေပြင်တွင် အသုံးပြုသည့် အလံ ၃ မျိုးရှိသည်။ သို့သော်လည်း အချို့နိုင်ငံများတွင် အလံအားလုံးအတွက် ဒီဇိုင်းပုံစံ တစ်မျိုးတည်းကိုသာ အသုံးပြုသည်။