![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/2b/Gatecrasher.jpg/640px-Gatecrasher.jpg&w=640&q=50)
နိုက်ကလပ်
From Wikipedia, the free encyclopedia
နိုက်ကလပ် ၊ ဂီတကလပ် သို့မဟုတ် ကလပ် ဆိုသည်မှာ ညနက်သန်းခေါင် အထိဖွင့်လှစ်သော ဖျော်ဖြေဧည့်ခံရာ နေရာနှင့် အရက် ဘား ကို ဆိုလိုသည်။ နိုက်ကလပ်များနှင့် သမာရိုးကျ အရက်ဘားများ ကွဲပြားသည့် အချက်မှာ နိုက်ကလပ်များတွင် လူများမှ တီးခတ် သီဆိုဖျော်ဖြေသော စင်မြင့်၊ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကခုန်ရာ ကြမ်းပြင် ဧရိယာ နှင့် အသံသွင်းထားသော သီချင်းများကို ပြန်လည်ထုတ်လွှင့်သော ဒီဂျေများရှိရာ နေရာတို့ ပါဝင်သည်။ နိုက်ကလပ်၏ အထူးအစီအစဉ် အနေနှင့် နာမည်ကျော်များနှင့် ၎င်းတို့၏ ဧည့်သည်များအတွက် ဗွီအိုင်ပီ ဧရိယာများ ထားရှိခြင်း ဖြစ်သည်။ ပုံမှန် အရက်ဘားများထက်စာလျှင် နိုက်ကလပ်များတွင် ဘောက်ဆာခေါ်သည့် အစောင့်များကို ထားရှိကြပြီး ကလပ်အတွင်းသို့ ဝင်ရောက်မည့် သူများကို တင်ကြိုစစ်ဆေးလေ့ရှိကြသည်။ အချို့သော နိုက်ကလပ် ဘောက်ဆာများသည် ပွဲတက်ဝတ်စုံဝတ်မထားသော သူများ နှင့် ဂန်းစတား ပုံစံ ဝတ်ဆင်ထားသူများကို ဝင်ရောက်ခွင့်ပြုရန် ငြင်းပယ်လေ့ရှိကြပြီး နိုက်ကလပ်အတွက် ဝင်ရောက်ရန် ဝတ်စုံ သတ်မှတ်ချက် အတွက် စစ်ဆေးခြင်း ဖြစ်သည်။ နိုက်ကလပ်များ လူအစည်ဆုံး ညများမှာ သောကြာ နှင့် စနေညများ ဖြစ်သည်။ ကလပ် အများစုသည် ဟောက်စ်ဂီတနှင့် ဟစ်ဟော့ပ် အစရှိသော သီးသန့် ဂီတ အမျိုးအစား တစ်ခုဖြင့်သာ ဖျော်ဖြေလေ့ရှိသည်။
![]() အင်္ဂလန်နိုင်ငံ ရှဖီးရှိ နိုက်ကလပ်တစ်ခု၌ ထရန့်ဂီတပွဲတော်တွင် လေဆာမီးများ ထိုးထားပုံ (၂၀၀၆) | |
အထွေထွေအချက်အလက် | |
---|---|
ပါဝင်သော ဂီတအမျိုးအစား | အီလက်ထရွန်းနစ် အက ဂီတ |
နေရာ | တကမ္ဘာလုံး |
|
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/32/Wikipedia_space_ibiza%2803%29.jpg/640px-Wikipedia_space_ibiza%2803%29.jpg)