![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fe/Phra_Maha_Chedi_Chai_Mongkol_Naga_emerging_from_mouth_of_Makara.jpg/640px-Phra_Maha_Chedi_Chai_Mongkol_Naga_emerging_from_mouth_of_Makara.jpg&w=640&q=50)
နဂါး
From Wikipedia, the free encyclopedia
နဂါး (Nāga) ဆိုသည်မှာ သက္ကတနှင့် ပါဠိဘာသာ စကားဖြစ်ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ ဖြစ်သည်။ ၎င်းအစွမ်းကြောင့် မျက်စောင်းထိုး၍ ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား ခေါ်တပ်သည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးနှင့် ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ဝေါ်ကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/fe/Phra_Maha_Chedi_Chai_Mongkol_Naga_emerging_from_mouth_of_Makara.jpg/640px-Phra_Maha_Chedi_Chai_Mongkol_Naga_emerging_from_mouth_of_Makara.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/c6/Vishnu_and_Lakshmi_on_Shesha_Naga%2C_ca_1870.jpg/640px-Vishnu_and_Lakshmi_on_Shesha_Naga%2C_ca_1870.jpg)