တောင်ငူခေတ်
၁၆ရာစု အလယ်မှ ၁၇၅၂ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့သော မင်းဆက် / From Wikipedia, the free encyclopedia
တောင်ငူခေတ်သည် တောင်ငူတွင်ထီးနန်းစိုက်ထူသော (၁၅)ရာစုနှောင်းပိုင်းမှ တောင်ငူခေတ်ပျက်သုန်းသော (၁၆)ရာစုနှောင်းပိုင်းကာလ ဖြစ်သည်။ တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့်သတ်မှတ်လျှင် လေ့လာရန် ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ ဘုရင့်နောင်တို့ကို မွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့်နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်း ဖြစ်ပြန်သည်။ ထို့ပြင် နောက်ခေတ်တစ်ဖြစ်သည့် ညောင်ရမ်းခေတ်တွင်လည်း ပါဝင်ပတ်သက်မှု ရှိနေကြသောကြောင့် ဖြစ်သည်။
အချက်တိုများ Toungoo dynasty တောင်ငူခေတ်, လက်ရှိအခြေအနေ ...
Toungoo dynasty တောင်ငူခေတ် | |
---|---|
လက်ရှိအခြေအနေ | အင်ပါယာ |
မြို့တော် | တောင်ငူမြို့ (၁၅၁၀-၁၅၃၉) ပဲခူးမြို့(၁၅၃၉-၁၅၉၉) အင်းဝမြို့(၁၅၉၉-၁၆၁၃) ပဲခူးမြို့(၁၆၁၃-၁၆၃၅) အင်းဝမြို့(၁၆၃၅-၁၇၅၂) |
ကိုးကွယ်မှု | တရားဝင် ထေရဝါဒ အနည်းငယ်
|
အစိုးရ | ဘုရင် |
ဥပဒေပြုလွှတ်တော် | လွှတ်တော် |
ငွေကြေး | မြန်မာကျပ်ငွေ |
ပိတ်ရန်