တောင်ကိုရီးယား စံဘာသာစကား
From Wikipedia, the free encyclopedia
တောင်ကိုရီးယားစံဘာသာစကား သို့မဟုတ် ဖျိုဂျွန်အော (ကိုရီးယား- 표준어၊ ဟန်ဂျာ- 標準語) သည် ကိုရီးယားဘာသာစကား၏ တောင်ကိုရီးယားစံပုံစံဖြစ်သည်။ အခြားဒေသိယစကားများမှ စကားလုံးအမျိုးမျိုးကို ချေးယူထားသော်လည်း ဆိုးလ်ဒေသိယစကားကို အခြေခံထားသည်။ ၎င်းသည် စီအီး ၁၄၄၃ ဒီဇင်ဘာလတွင် ဂျိုဆွန်းခေတ်ဘုရင် ဆယ်ဂျုံးမှ ဖန်တီးခဲ့သောဟန်ဂုလ် အက္ခရာကို အသုံးပြုထားသည်။ မြောက်ကိုရီးယားစံဘာသာစကား (မွန်ဟွာအော) နှင့် မတူဘဲ၊ တောင်ကိုးရီးယားစံဘာသာစကားတွင် တရုတ်မှ အငှားစကားလုံးများစွာအပြင် အင်္ဂလိပ်နှင့် အခြားဥရောပဘာသာစကားများမှ အချို့သော စကားများလည်း ပါဝင်သည်။