ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တက္ကသိုလ် From Wikipedia, the free encyclopedia
တိုကျို တက္ကသိုလ် (東京大学 - တိုကျို ဒိုင်းဂါ့ခု) အတိုကောက်အားဖြင့် တိုဒိုင်း (東大) သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တည်ရှိသည့် အဓိကကျသော သုတေသနပြုလုပ်သည့် တက္ကသိုလ်ကျောင်း ဖြစ်သည်။ ပညာရေးဌာနပေါင်း ၁၀ ဌာန ရှိကာ ကျောင်းသား ဦးရေ ၃၀၀၀၀ ခန့်ရှိသည်။ ၎င်းတို့အနက် ၂၁၀၀ ခန့်မှာ နိုင်ငံခြားသား ကျောင်းသားများဖြစ်သည်။ ကျောင်းပရိဝုဏ် ၅ ခုရှိပြီး ဟွန်ဂို၊ ခိုမာ့ဘာ့၊ ခါရှိဝ၊ ရှီရို့ခါ့နဲ့နှင့် နာကာ့နို့ တို့တွင် တည်ရှိသည်။ တိုကျိုတက္ကသိုလ်သည် ဂျပန်နိုင်ငံတွင် အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည်။[3][4] ၂၀၁၀ ခုနှစ် ကမ္ဘာ့တက္ကသိုလ်များ စာရင်းအရ တိုကျို တက္ကသိုလ်သည် အာရှ၌ နံပါတ် ၁ နှင့် ကမ္ဘာတွင် နံပါတ် ၂၀ အဆင့်တွင် ရှိသည်။
အမျိုးအစား | ပြည်သူပိုင် (အမျိုးသားအဆင့်) |
---|---|
တည်ထောင် | 1877 |
ဥက္ကဋ္ဌ | Junichi Hamada (濱田純一) |
ဆရာဦးရေ | 2,429 full-time 175 part-time[1] |
ဝန်ထမ်းဦးရေ | 5,779 |
သင်တန်းသား | 28,697[2] |
ဘွဲ့ကြိုဦးရေ | 14,274 |
ဘွဲ့လွန်ဦးရေ | 13,732 |
ပါရဂူသင်တန်းသား | 6,022 |
အခြားသင်တန်းသား | 747 research students |
တည်နေရာ | ဘွန်ကျို, တိုကျို, ဂျပန် |
ပရဝုဏ် | မြို့ပြ |
အထိမ်းအမှတ် အရောင် | Light Blue |
Athletics | 46 varsity teams |
နှီးနွယ်အဖွဲ့အစည်းများ | IARU, APRU, AEARU, AGS, BESETOHA |
ဝဘ်ဆိုဒ် | u-tokyo.ac.jp |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.