![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/77/Third_anglo-burmese_war.jpg/640px-Third_anglo-burmese_war.jpg&w=640&q=50)
တတိယ အင်္ဂလိပ် - မြန်မာစစ်
၁၉ရာစု၌ ဗြိတိသျှအင်ပါယာနှင့် ကုန်းဘောင်ဧကရာဇ်နိုင်ငံတို့ကြား တတိယအကြိမ်စစ်ပွဲ / From Wikipedia, the free encyclopedia
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/7/70/King_thibaw_queen_daughter1885.jpg/640px-King_thibaw_queen_daughter1885.jpg)
- ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း မြန်မာတို့ ရှုံးနိမ့်ခဲ့ကြရသည်။
- ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင်ခဲ့ချေ။
- တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်လည်း မြန်မာတို့ လက်နက်ချခဲ့ကြရသည်။
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ | |||||||
---|---|---|---|---|---|---|---|
![]() မြန်မာတို့လက်နက်ချရခြင်း | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
![]() |
![]() | ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
Harry North Dalrymple Prendergast | သီပေါမင်း |
သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေအရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်"ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။ မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။
ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။