မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန ဝန်ကြီး From Wikipedia, the free encyclopedia
ဒေါက်တာညွန့်ဖေသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်ထားသော ပညာရေးဝန်ကြီးဖြစ်သည်။ ယခင်က ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ထိုတက္ကသိုလ်တွင် ငွေကြေးအရှုပ်အရှင်းများကြောင့် နိုင်ငံတော်သမ္မတရုံး၏ ဖြေရှင်းချက်တောင်းခြင်း ခံခဲ့ရသူဖြစ်သည်။[2]
ညွန့်ဖေ | |
---|---|
ပညာရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၆ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒေါက်တာမျိုးသိမ်းကြီး |
ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် | |
တာဝန်သက်တမ်း ၂၁ ဇန်နဝါရီ ၂၀၁၀ – ၂၃ အောက်တိုဘာ ၂၀၁၇ | |
လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) ညွှန်ကြားရေးမှူးချုပ် | |
တာဝန်သက်တမ်း ၂၀၁၇ – ၂၀၂၁ |
ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်မှ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ရန် အမိန့်စာထွက်လာချိန်တွင် ပါမောက္ခချုပ် အခွင့်အာဏာမရှိတော့ပဲ ပုသိမ်တက္ကသိုလ်၏ ဝန်ထမ်းအိမ်ရာအဟောင်းများကို အသစ်တည်ဆောက်ရန် ကုမ္ပဏီတစ်ခုနှင့် အလျှင်အမြန် စာချုပ်ချုပ်ဆိုခဲ့သည်။[3] ထို့အပြင် ကျောင်းသားများအပေါ် ငွေကြေးကောက်ခံမှုများ၊ ကျောင်းတွင်းငွေကြေးသုံးစွဲမှုများနှင့်လည်း ပြဿနာများ ရှိခဲ့သူဖြစ်သည်။[4][5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.