From Wikipedia, the free encyclopedia
ဆိုရှိကိ SOSHIKI ကရာတေး သင်တန်းကျောင်း (Soshiki Karate Academy) တွင် သင်ကြားသော နည်းစနစ်များသည် ရှိုတိုကန် Shotokan နည်းစနစ်များသာ ဖြစ်သည်။ Soshiki Karate Club ဟုလည်းခေါ်သည်။ ထူးခြားသည်မှာ ဆိုရှိကိ ကရာတေးသည် အားကစားနှင့် ကိုယ်ခံပညာသာမက လူတို့တွင် ထားအပ်သော လူ့ကျင့်ဝတ်ဆိုင်ရာကိုယ်ကျင့်တရားများ(Morality)၊ စာရိတ္တ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော လူ့ကျင့်ဝတ်ပညာ (morality, ethics and manners) များကိုပါ သင်ကြားလေ့ကျင့်မှုပါဝင်သည်။ ဆိုရှိကိ ကရာတေးတွင် Kihon, Kata, Kumite သာမက မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သောရန်သူကို လျှက်တစ်ပြက် တန်ပြန်တိုက်ခိုက်နိုင်သော counter attack နည်းပညာ များ၊ combat sport training များနှင့် powerful combat training များ၊ practical unarmed combative training များအထူးပါဝင်သည်။
ဆိုရှိကိ ကရာတေးကို စာရေးဆရာ သမိုင်းပညာရှင် ဦးမြင့်ကြွယ်(မြို့မ မြင့်ကြွယ်) (Historian Myint Kywe) မှ ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆိုရှိကိ ကရာတေးအသင်း၏ နည်းပြချုပ် အဖြစ်လည်းကောင်း၊ ကရာတေးသိပ္ပံ I.O.K နှင့် SOSHIKI Karate Academy ၏ ကျောင်းအုပ်ဆရာကြီး အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ဆိုရှိကိ SOSHIKI မှာ "SYSTEM" (သို့မဟုတ်) "organization" ဟူ၍ အဓိပ္ပာယ်ရသည်။ [1][2]
စနစ်ကျသည့် ဆိုရှိကိ ကရာတေး တွင် အရေးပါသည့် အချက်(၁၅) ချက်နှင့် ဖွဲ့စည်းထားသည်။
(၁) စိတ်ထားဖြူစင်ခြင်း (Purification of Mind)
(၂ ) ကိုယ် နှုတ် စိတ် ယဉ်ကျေးခြင်း (Courtesy and politeness)
(၃) ရိုးသားဖြောင့်မတ်ခြင်း (Honesty)
(၄) နည်းစနစ်ကျခြင်း (To be systematic and Systematisation and systematicness )
(၅) ကိုယ်ကျင့်သီလကောင်းခြင်း (Morality)
(၆) မေတ္တာစိတ်ရှိခြင်း (Loving kindness)
(၇) ကရာတေးပညာထူးချွန်ခြင်း (Skill in Karate)
(၈) သည်းခံခြင်း (Patience or forbearing or act of tolerance)
(၉) အကောင်းမြင်ဝါဒကျင့်သုံးခြင်း (Optimism and look on the bright side)
(၁၀) မိမိကိုယ်မိမိ စိတ်တည်ငြိမ်စွာထိန်းချူပ်နိုင်ခြင်း (Self- control)
(၁၁) ကိုယ်ချင်းစာတရားရှိခြင်း (Sympathy)
(၁၂) သတ္တိကောင်းခြင်း (Courage)
(၁၃) နှောက်ယှက်ထိပါးသူ ရန်သူကိုကျွမ်းကျင်စွာ-တန်ပြန်တိုက်ခိုက်ခြင်း (Counterattack, combative and powerful attack to enemies)
(၁၄) ခွင့်လွှတ်ခြင်း (Forgiveness)
(၁၅) သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်လေ့ကျင့်ခြင်း (Theoretical knowledge and practical skill)
ထို့အပြင် ဆိုရှိကိ 組織 ကရာတေး 空手(စနစ်ကျသည့် ကရာတေး) တွင်
တို့ပါဝင်သည်။
ဆရာကြီး ဦးမြင့်ကြွယ်သည် ကျွန်းတောလမ်း စမ်းချောင်းမြို့နယ် တွင်လည်းကောင်း၊ အ.ထ.က(၂)ဒဂုံ (မြို့ မကျောင်း) ၃၅၃ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ်၏ နောက်ဘက်ရှိ အင်းလျားလမ်း ကမာရွတ်မြို့နယ် (ဦးဘဘကြီး) ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပြည်လမ်း လိပ်ခုံးခန်းမ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၁၀၅ ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒဂုံမြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်လျားလမ်း၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်းကောင်း ဆိုရှိကိ ကရာတေးအသင်းများကို ၁၉၇၈ ခုနှစ် မှ ၂၀၁၅ ခုနှစ် အထိ တည်ထောင်ဖွင့်လှစ်ပို့ချခဲ့သည်။ ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဆိုရှိကိ တိုက်ခိုက်ရေးပညာ combat karate techniques များ combative sport karate များသာမက ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား (Morality)၊ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သောလူ့ကျင့်ဝတ်ပညာ Ethics စသည်တို့ကိုလည်း ပြည်တွင်းပြည်ပတွင် စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးလျက်ရှိသည်။ ငွေကြေးချို့တဲ့သူများဆိုပါက အခမဲ့ (Free of charge) ပို့ချပေးလျက်ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.