စကြာဝဠာတခုလုံး အစိုးရသူကို ရည်ညွှန်းရာတွင် သုံးသော ရှေးဟောင်းအိန္ဒိယအခေါ်ဝေါ် From Wikipedia, the free encyclopedia
စကြဝတေးမင်းသည် အလျားယူဇနာ(၁၀ဝ)၊ အနံယူဇနာ(၂၅၀)၊ အဝန်းယူဇနာ(၉၀ဝ)ရှိသည့် မဇ္ဈိမဒေသ အရပ်မှာ ဖြစ်သည်။ မဇ္ဈိမဒေသ အရပ်သည် ဘုရား ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက စသည့် မြင့်မြတ်သူများ ဖြစ်ရာအရပ်ဖြစ်သည်။ ပစ္စန္တရစ်အရပ်၌ မဖြစ်ပေ။
::`စကြာ၊ ဆင်ဖြူ၊ မြင်းပျံဟူ
- မှတ်ယူ၊ ပတ္တမြား၊
- မြောက်ကျွန်းသူနွယ်၊ သားနန်းနွယ်
- မှတ်ဖွယ်၊ သူဌေးအား။ ။´
စကြဝတေးမင်း ပေါ်သောအခါ ရတနာ(၇)ပါးအနက် စကြာရတနာ အရင်ရောက်ရှိလာသည်။ ဆင်ရတနာ၊ မြင်းရတနာများသည် သာမန် ဆင်၊ မြင်းများထက် သာသည်။ မိဖုရားရတနာသည် အဆင်းလှသည်။ ကြည်ညိုဖွယ်ရှိသည်။ မြင့်ခြင်း၊ နိမ့်ခြင်း ဟူသော အပြစ်ခြောက်ပါး ကင်းသည်။ ကိုယ်နံ့သည် စန္ဒကူးနံ့၊ ခံတွင်းနံ့သည် ကြာညိုနံ့ သင်းသည်။ မဒ္ဒတိုင်း မင်းမျိုး ဖြစ်သည်။ မြောက်ကျွန်းသူ ဖြစ်သည်။ သူဌေးရတနာသည် မြေကြီးအတွင်း တစ်ယူဇနာတိုင်တိုင် အရှင်ရှိပြီး မြှုပ်ထားသော ဥစ္စာ၊ အရှင်မဲ့ မြှုပ်ထားသော ဥစ္စာများကို မျက်စိနှင့် မြင်နိုင်သည်။ စကြဝတေးမင်း စုံစမ်းခိုင်းသည့်အခါ ရတနာများကို ယူပေးသည်။ သားကြီးရတနာသည် ပညာရှိသည်၊ လိမ္မာသည်၊ သူတပါး၏ အကြံအစည်ကို သိနိုင်သည်။
စကြဝတေးမင်း သေပြီး (၇)ရက်မြောက်တွင် စကြာရတနာ ကွယ်သည်။ ဆင်၊ မြင်းရတနာ သေသည်။ မြရတနာ ပျောက်ကွယ်သည်။ မိဖုရားရတနာ တန်ခိုးအာနုဘော် ကွယ်သည်။ သူဌေးမျက်စိသည် သာမန်မျက်စိသာရှိတော့သည်။ သားကြီး၏ ဉာဏ်ပညာသည်လဲ သာမန်ပညာသာ ဖြစ်တော့သည်။
(မဟာသုဒဿနသုတ်)အရ သုံးပါး
(ဒီဃနိ ကာယ် ပါထိကဝဂ် စက္ကဝတ္တိသုတ်) အရ ဆယ်ပါး
စကြဝတေးမင်းမှာ ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂၀ဝ၀) ကို အစိုးရသော မင်းဟု ကျမ်းဂန်များက ဆိုသည်။ ဇမ္ဗူဒိပ် မင်းအပေါင်းက ဝပ်တွား ခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်သော စကြာရတနာ ရရှိသဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်းထက်မြက်လှသော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ စကြဝတေးမင်းကို မန္ဓာတု စကြာမင်း၊ မန္ဓတ်မင်း ဟုလည်း ခေါ်ကြသည်။ ဂေါတမ မြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသော မင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူး၍ ကျွန်းငယ် အရံ (၂၀ဝ၀) နှင်တကွ ကျွန်းကြီး လေးကျွန်းတွင် စကြဝတေးမင်း စည်းစိမ်ကို ခံစားတော်မူသည်။
စကြဝတေးမင်းတို့သည် အံ့ဘွယ် လေးပါး ရှိမြဲဖြစ်သည်။ ယင်းတို့မှာ ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်းလှ၍ အသံသာယာခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း၊ တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်သည်။ ယင်းဂုဏ်များကြောင့် အခြားသော မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရသေ့၊ ရဟန်းတို့သည် အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကား နှီးနှော၍ မဝ အောင် ဖြစ်ကြရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်သည်။
တန်ခိုး ၄-မျိုးရှိသည်။
(၁)ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ကောဏ္ဍညမြတ်စွာဘုရားထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်စဉ်က ရဟန်းအဖြစ်နှင့်လည်းကောင်း
သုဇာတမြတ်စွာဘုရားထံတော်၌ စကြာမင်းဖြစ်စဉ်က ရဟန်းအဖြစ်နှင့်လည်းကောင်း ဗျာဒိတ်ခံယူတော်မူခဲ့သည်။
(၂)သိဒ္ဓတ္ထ မင်းသားကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ၇-ယောက်က စကြဝတေးမင်းသော်လည်းကောင်း ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ လက်ညှိုးတစ်ချောင်းထောင်၍ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်သည်။
`စကြာ´ သည် အမှားများသော သတ်ပုံသတ်ညွှန်း တစ်ခုဖြစ်သည်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း [4]တွင် `စကြဝတေးမင်း´၊ `စကြာ´ ဟု ဖော် ပြသည်။ `စက်ကြာ´ ဟုဖတ်သည်။ [5] ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၏ ခြေတော် စက်လက္ခဏာတွင် စကြဝတေးမင်းပုံပါရှိသည်။ စက္ကဝတ္တိ = စကြာမင်း = THE CAKKAVATTI (THE UNIVERSAL MONARCH) ဟု ညွှန်းထားသည်။ ရဝေနွယ် စာအုပ်တွင်လည်း စကြဝတေးမင်း၊ စကြာရတနာ ဟု ပုံနှိပ်ထားသည်။
စကြဝတေးမင်းမှာ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ် အရံ ၂ဝဝ၀ ကို အစိုးရသောမင်းဟု ကျမ်းဂန်များတွင် ဆိုသည်။ ဇမ္ဗူဒိပ်မင်းအပေါင်းက ဝပ်တွားခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စေတတ်သော စကြာရတနာ ရရှိ သဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်း ထက်မြက်သော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ၊ စသည်ဖြင့် အသီးသီး ခေါ်သည်။ စကြာမင်းကို မန္ဓာတုစကြာမင်း၊မန္ဓာတ်မင်းဟုလည်း ခေါ်သည်။ စကြာမင်းတို့သည် ဇမ္ဗူဒိပ်ကျွန်း၌သာ ဖြစ်ပေါ်လေ့ရှိသည်။ ဂေါတမမြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသောမင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓာမင်း ဖြစ်ဘူး၍ ကျွန်းငယ်အရံ ၂ဝဝဝ နှင့်တကွ ကျွန်းကြီးလေးကျွန်း ၌ စကြဝတေးမင်းစည်းစိမ်ကို ခံစားတော်မူသည်။
စကြာမင်းတို့သည် ဘုန်းကံကြီးမားသည့် အလျောက် စကြာရတနာ၊ ကျောက်မျက်ရတနာ၊ မိဖုရားရတနာ၊ ဆင်ဖြူတော်ရတနာ၊ သားကြီးရတနာ၊ သူဌေးရတနာ၊ မြင်းရတနာ၊ ဟူသော ရတနာ ၇ပါး ပြည့်စုံမြဲဖြစ်သည်။ သို့ရာတွင် စကြဝတေးမင်းပင် ဖြစ်လျက် ပေးကမ်းမှုအလှူဒါနမရှိ၍၊ စကြရတနာ မရောက်သည်ကို သုတ်မဟာဝါပါဠိတော် စက္ကဝတ္တိ သုတ်၌ ဟောကြားသည်ကို ထောက်၍ စကြာရတနာ မရောက် သော စကြာမင်းလည်းရှိသေးသည်ဟု သိမှတ်ရာသည်။ စကြာမင်းတို့သည် အံ့ဖွယ်လေးပါးရှိမြဲဖြစ်သည်။ ယင်းတို့ မှာ ဘုန်းပါရမီအလျောက်၊ အလွန်အဆင်းလှ၍ အသံသာယာ ခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားတတ်ခြင်း၊ တရားနှင့်အညီ စိုးစံခြင်း ဟူလေသည်။ ယင်းဂုဏ်များကြောင့် အခြားသောမင်းတို့သည် ၎င်း၊ ပုဏ္ဏားပရိသတ်တို့သည်၎င်း၊ သူကြွယ်ပရိသတ်တို့သည် ၎င်း၊ ရသေ့ရဟန်း ပရိသတ်တို့သည်၎င်း အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကားနှီးနှော၍ မဝအောင် ဖြစ်ရသည်။
စကြာရတနာတန်ခိုးကြောင့် အခြားသောမင်းများ မတုပြိုင် နိုင်သော တစ်ဦးတည်းအရှင်သခင်ဖြစ်သည်။ ဂေါတမ မြတ်စွာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသာ ဖွားသည်တွင် လက္ခဏာ ဖတ် ပုဏ္ဏားတို့က မင်းသားငယ်သည် ဘုရားသော်လည်းကောင်း၊ စကြဝတေးမင်းသော်လည်းကောင်း ဖြစ်ရမည်ဟု ဗေဒင်ဟောကြားသည်ကို ထောက်၍ ဘုန်းကံအလွန်ကြီးမားလွန်းမှ စကြဝတေးမင်း ဖြစ်နိုင်ကြောင်းကို သိရသည်။ ရှေးစာပေဟောင်းတို့တွင် အိုင်ဆဒ္ဒန်မှ၊ နတ်ဖန်ဆောင်သ၊ နေလတစ်ဆူ၊ ကြွေကျတူသို့၊ လေးဆူကျွန်းကြီး၊ ရံသီးပတ်ဝန်း၊ ကျွန်းငယ်နှစ်ထောင်၊ ကုန် အောင်ရစ်ခွေ၊ မြင်းမိုရ်ခြေတွင်၊ ရေပင်လယ်ဝိုက်၊ စက်နယ် တိုက်ကို၊ စိတ်လိုက်လိုပါ၊ လှည့်နိုင်စွာသော၊ စကြာမန္ဓာတ်၊ ဥက္ကဋ္ဌ်ရွှေဘုန်း၊ လူမင်းဆုံးတို့၊ (မန်လည်ဆရာတော်) မဟာနာဂိန်၊ ဂဇာသိရ်နှင့်၊ အရိန္ဒမာ၊ စကြာရွှေလှံ၊ မြင်းပျံအဿ၊ ဇာနေယျတို့၏သခင်၊ ဘုရင်မင်းမြတ်၊သမုနတ် ဖြစ်တော်မူသဖြင့်၊ရာဆူမကိုဋ်၊ သောင်းတိုက်ခွဲပါ၊ မဏ္ဍလာ ဝယ်နှံ ပဏ္ဏာ ဆက်သွင်းလျက်၊ အမင်းမင်းတို့၏ဦးညွတ်ရာ၊ စကြာ မန္ဓာတ်၊ (ဆတိုင်မွှတ် ဦးကူး)စသည်ဖြင့် ဖွဲ့ဆိုရေးသားကြသည်။[6]
[7] စကြဝတေးမင်း၏ ရတနာ ၇-ပါးနှင့် ထိုရတနာ ၇-ပါးရကြောင်း ကုသလမူလသုံးပါးကို ပြဆိုခန်း။ ။ [8] စက္ကဝတ္တိအစ္ဆရိယသုတ်၊ [9] ။ ချီးကျူးခဏ်း၊ [10] ။ စကြာရတနာလည်စေပုံ၊ [11] စကြဝတေးမင်း မဖြစ်ပေါ်လာမီ နှစ်ပေါင်းတရာက ကြိုတင် ကြွေးကြော်ထားနှင့်ပုံ၊ (ကောလာဟလခဏ်း၌ ရေးခဲ့ပြီ)။ ။ စကြဝတေးမင်းတို့မှာ ဘုရားရှင်တို့ ပွင့်ထွန်းသော ကမ္ဘာ၌သာ ဖြစ်ပေါ်ကြကြောင်း၊ [12] ။ ရတနာ ၇ ပါးကို ရရန် ကျင့်ဝတ်ကို ပြဆိုခဏ်း၊ [13] ။ (ရတနာ ၇-ပါး၊ စကြာရတနာ၊ ဆင်၊ မြင်း၊ ပတ္တမြား၊ မိန်းမ၊ သေဌေးကြီး၊ သားကြီးရတနာ)။ ။ စကြဝတေးမင်းတို့၏ တန်ခိုးလေးမျိုး၊ [14]
စကြဝတေးမင်းတို့မှာ နှစ်ဦးပြိုင်၍ မဖြစ်ကြကြောင်း [16] ။ စကြဝတေးမင်းသုံး ပတ္တမြားရတနာမှာ ရာဇဂြိုဟ်ပြည်အနီး ဝေပုလ္လတောင်တွင်ရှိ၍ ကုမ္ဘဏ်တထောင်စောင့်ရှောက်ထားကြောင်း မိန့်ဆိုထားပုံ၊ [17] ။ စကြဝတေးမင်းတို့ အုပ်စိုးပုံကိုပြသော ဂါထာများ၊ [18] မေတ္တသုတ်။ ။ စကြဝတေးမင်း ရဟန်းပြုသွားသော်၎င်း, သေပြီး ၇-ရက်ရှိသော်၎င်း စကြဝတေးမင်း၏ စည်းစိမ်အားလုံး ကွယ်သွားတော့ကြောင်း၊ [19] စကြာရတနာပေါ် လာလျင် လူတို့မှာ ၎င်းကိုသာ (ရတနာသုံးပါးမရှိသော်) ပူဇော်လေးမြတ်ကြကြောင်း မိန့်ဆိုထားပုံ၊ [20]
စကြဝတေးမင်းကပင်လျှင် ယနေ့ပြုသစ်စ သာမဏေငယ်ကို ရှိခိုးထိုက်ကြောင်း မိန့်ဆိုထားပုံ။ ။ [21]
စက္ကရတနဝဏ္ဏနာအကျယ်၊ [22] ပျံသန်းပုံကို ပြဆိုခန်း။ ။ [23] ။ စကြာရတနာ နေရာရွေ့ခြင်းအကြောင်း သုံးပါး၊ [24] ။ စကြာရတနာမှာ စကြဝတေးမင်းက လာစေလိုသော် လာရကြောင်း၊ [25] ။ စကြာရတနာကို စကြဝတေးမင်းက အရိုအသေပြုပုံ၊ [26]။ စကြာရတနာလည်စေပုံ ဓမ္မရာဇာသုတ်၊ [27]
စိတ်ဖြင့် မှန်းဆ၍ ပူဇော်လှူဒါန်းရမှု သည်ပင် အကျိုးကြီးကျယ်လှပြီဖြစ်ကြောင်း၊ တိလောကဝိဇယ စကြဝတေး မင်းဝတ္ထု၊ [28]
ဓမ္မပါသာဒပေါက္ခရဏီဝဏ္ဏနာ၌ [29] စကြဝတေး မင်း၏ ကုသိုလ်များကို ပြဆိုထားသည်၊ [30]
စေတီထိုက်သောပုဂ္ဂိုလ် ၂-ဦး၊ [31] ။ ထူပါရဟသုတ်၊ [32] ၄-ဦး၊ (ဘုရားရှင်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်း)။ ။ ထူပါရဟပုဂ္ဂလဝဏ္ဏနာ၊ [33]
ပရိဏာယက ရတနဝဏ္ဏနာ၌ စကြဝတေးမင်း၏ သားကြီး ဂုဏ်ပုဒ်များကို ပြဆိုခဏ်း၊ [34] (စကြဝတေးမင်း အခန်းတိုင်း၌ ရှိ၏၊ )
မန္ဓာတုစကြဝတေးမင်းကြီးဝတ္ထု၌ [35] ကာမတဏှာ ဖြည့်နိုင်ခဲလှစွာသောအကြောင်း။ ။ [36] ။ မနပုဒ်ဝိဂ္ဂဟ။ ။ (စိတ်ဟော)၊ [37]
မဟာသုဒဿနစကြဝတေးမင်းဝတ္ထု ဂေါမယပိဏ္ဍသုတ်၊ [38] အနိစ္စလက္ခဏာကို ထင်မြင်စေရန် ဟောထားတော်မူ၏။ ။ [39] ဒါနကိုကြီးကျယ်စွာပြုခဲ့ပုံ ဟောထား၏။ ။ [40] အနိစ္စာ ဝတ သင်္ခါရာစသော ဂါထာ။ မဟာသုဒဿနသုတ် [41] ၎င်းစကြဝတေးမင်းအကြောင်းကို အကျယ်ဟောထား၏။ [42]
မိန်းမတို့မရနိုင်သော ရာထူးများမှာ (စကြဝတေးမင်း၊ သိကြားမင်း၊ မာရ်နတ်မင်း၊ ဗြဟ္မာမင်း၊ ဘုရားရှင်)၊ [43] ဣတ္ထိလိင်္ဂဉ္စ ဟီနံ-ဟု ဖွင့်ပြထား၏[44]
[45] သာလကလျာဏီအမည်ရှိသော သစ်ပင်မှာ ဘုရားပွင့်တော်မူခိုက်နှင့် စကြဝတေးမင်းတို့ ဖြစ်ထွန်းသောအခါ ၌သာရှိကြောင်း၊ တနေ့တည်းဖြင့်သာ မြေမှပေါ်ထွက် လာကြောင်း ဖွင့်ပြထားပုံ။ ။ [46]၊ မည်မျှကြီးကျယ် မြင့်မားစေကာမူ မြေအတွင်း၌ တည်ရှိကြောင်း ဟောထား၏၊ [47]
ဟတ္ထိရတနာဝဏ္ဏနာ၌ (စကြဝတေးမင်းသုံး ဆင်ရတနာ၏ ဂုဏ်ပုဒ်များကို ပြဆိုခဏ်း)၊ [48] ဣတ္ထိရတနဝဏ္ဏနာ၌လည်း (စကြဝတေးမင်း၏ မိဖုရားရတနာကို ပြဆိုခန်း။ ။ [49] ။ စကြဝတေးမင်းကို ပြဆိုသော အခန်းတိုင်း၌ ရှိ၏။ [50]
အခါမဲ့ အချိန်မဲ့ မိုးသည်းထန်စွာ ရွာခြင်း အကြောင်း ၂-ပါးမှာ (စကြဝတေးမင်း ဖြစ်ထွန်းသောအခါ, ဘုရားရှင် ပွင့်ထွန်းသောအခါ) [51]
ဂိလာနဒဿနသုတ်၌ [52] နတ်များက စိတ္တသူကြွယ်ကို စကြဝတေးမင်း ဖြစ်စေလို၍ လာတောင်းပန်ကြရာ အနိစ္စ လက္ခဏာကို ဟောပြပုံ။ [53]
စက္ကဝတ္တိသုတ် [54] ဗောဇ္ဈင် ၇-ပါးကို စကြဝတေးမင်း၏ ရတနာ ၇-ပါးနှင့် နှိုင်းယှဉ်၍ ဟောထား၏။ ။ [55] စကြဝတေးမင်းနှင့်စပ်၍ သိမှတ်ဘွယ်အကျယ်။ ။ စက္ကဝတ္တိပုဒ်အဖွင့်၊ [56] ။ မ[57] စကြဝတေးမင်းဖြစ်ရသည်ထက် သောတာပန် ဖြစ်ရသည်က မြတ်ကြောင်း ဟောထား၏။ [58]
[59] စကြဝတေးမင်းသည် စကြာရတနာကို လည်စေသကဲ့သို့ ဘုရားရှင်သည် တရားရတနာကို လည်စေတော်မူကြောင်း၊ စကြဝတေးမင်းသည် တရားနှင့်ညီစွာ ပြည်သူတို့ကို စောင့်ရှောက်သကဲ့သို့ ဘုရားရှင်လည်း တရားနှင့်ညီစွာ သတ္တဝါများကို စောင့်ရှောက်တော်မူကြောင်း ဟောထား၏။ [60]
[61] စကြဝတေးမင်းတို့ ကျင့်ဝတ်၊ အသက်တမ်း ဆုတ်ယုတ်သွားပုံ၊ ပြန်၍ ရှည်လျားလာပုံ၊ မေတ္တေယျဗုဒ္ဓဝင် အကျဉ်း စုပေါင်း ဟောထား၏။ [62]
ဓမ္မရာဇာသုတ်၌ [63] စကြဝတေးမင်းက စကြာရတနာကို လည်စေပုံ၊ ဘုရားရှင်က တရားတော်ကို လည်စေပုံနှင့် မှီဝဲအပ်သော မမှီဝဲအပ်သော တရားများကိုလည်း ဟောထား၏။ [64]
ကူဋာဒိသုတ်၌ [65] အဆောက်အဦတွင် အထွဋ်၊ အမြစ်နံ့တွင် အကျော်၊ အနှစ်နံ့တွင် စန္ဒကူးနီ၊ အပွင့်နံ့တွင် မြလေး၊ မင်းတွင် စကြဝတေးမင်းတို့ အချုပ်ဖြစ်သကဲ့သို့ တရားတွင် အပ္ပမာဒ အချုပ် ဖြစ်ကြောင်း ဟောထား၏။ ܀[66]
ဂေါမယပိဏ္ဍသုတ်၌ [67] မဟာသုဒဿနစကြဝတေး မင်းအကြောင်း၊ အဆုံးတွင် ဧဝံ အနိစ္စာ ခေါ ဘိက္ခု သင်္ခါရာ စသည်ဖြင့် ဟောထား၏။ [68]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.