![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/73/Brown_Quail.jpg/640px-Brown_Quail.jpg&w=640&q=50)
ငုံး
From Wikipedia, the free encyclopedia
ငုံး (Quail) သည် အလယ်အလပ်ရစ်ငှက်မျိုးကွဲ (Phasianidae) အများ၏အမည်ဖြစ်သည်။ ပါဏဗေဒအရ ငုံးသည် ဒေါင်း၊ တောကြက်၊ ရစ်တို့နှင့်အတူ ဂယ်လီဖောမီး မျိုးစဉ်တွင် ပါဝင်လေသည်။ 'ကိုတာနစ် ချိုင်းနန်းဆစ်' အမည်ရှိ ငုံးသည် အလျား ၆ လက်မရှိ၍ သေးငယ်ကျစ်လျစ်သည်။ ငုံးဖိုနှင့် ငုံးမတို့မှာ အရောင်အဆင်းချင်းမတူကြချေ။ ငုံးဖိုသည် ကျောဖက်၌ အမည်းပြောက်နှင့် သံချေးရောင် အပြောက်များရှိသည်။ ခြေထောက်ဝါသည်။ မြက်တောထဲမှ ထ၍ ပျံသောအခါ ငုံးဖိုသည် သာမန်ငှက်မည်းများ ဖြစ်သည်ဟု ထင်မှတ်ရသည်။ ငုံးမသည် ငုံးဖိုထက် အရောင်ဖျော့သည်။ ကိုယ်တွင် ဝမ်းနှင့် ရင်ဖက်၌ ညိုဝါရင့်ရောင်ရှိသည့်ပြင် ရင်ပိုင်းနှင့် နံဘေးဖက်တွင် အမည်းကန့် လန့်စင်းများ ပါရှိသည်။ ငုံးမသည် သာယာသောအသံကို ပြုတတ်သည်။
Quail | |
---|---|
![]() | |
ငုံးညို (Coturnix ypsilophora) | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Galliformes |
Superfamily: | Phasianoidea |
အုပ်စုများ ပါဝင်သည် | |
| |
Cladistically included but traditionally excluded taxa | |
|
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/1e/Quail_eggs.jpg/640px-Quail_eggs.jpg)
ငုံးကို ကောက်ရိုးပြတ်နှင့် မြက်တောပေါများရာ လွင်ပြင်များတွင် အနှံ့အပြား တွေ့ရသည်။ ကိုက်အနည်းငယ်မျှ လျင်မြန်စွာ ပျံသန်းပြီးလျှင် ချုံဖုတ်ထဲသို့ဝင်၍ ခိုအောင်းနေတတ် သည်။ ခရီးဝေး မပျံသန်းနိုင်ချေ။ မြန်မာနိုင်ငံတွင် မိုးဥတု၌ အများအားဖြင့် ဥဥသည်။ ဇန်နဝါရီလတွင်လည်း အချို့ငုံးများ ဥဥသည်ကို တွေ့ရသည်။ တစ်မြုံလျှင် ဥ ၄ လုံးမှ ၇ လုံးခန့်ရှိ၍ အဝါရောင်၊ အညိုရင့်ရောင် စသည်ဖြင့် ကွဲပြား ခြားနားကြသည်။ အချို့တွင် အပြောက်ပါရှိသည်။ ဤငုံးအမျိုးမျိုးကို အာဖရိကတိုက်၊ ဩစတြေးလျတိုက်၊ မြန်မာနိုင်ငံရှိ လွင်ပြင်များနှင့် ရှမ်းကုန်းပြင်မြင့်တွင် အနှံ့အပြားတွေ့ရသည်။
ငုံးအမျိုးမျိုးရှိကြရာ ထင်ရှားသော အခြားငုံး ၂ မျိုးမှာ 'ကိုတာနစ် ကိုရိုမန်ဒဲလစ်ကား'နှင့် 'ကိုတာနစ် ကိုတာနစ်' ဖြစ်သည်။