From Wikipedia, the free encyclopedia
ဂါရမ်ဘာ အမျိုးသားဥယျာဉ် သည် အာဖရိကတိုက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အိုရီယန်တေးပြည်နယ်တွင် တည်ရှိပြီး ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အာဖရိကရှိ အစောဆုံး အမျိုးသားဥယျာဉ်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှစ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ ဂါရမ်ဘာသည် ကမ္ဘာပေါ်တွင် နောက်ဆုံးတွေ့ရှိရသော တောရိုင်းတိရစ္ဆာန် ဖြစ်သည့် မြောက်ပိုင်းကြံ့ဖြူ များနေထိုင်ခဲ့ရာ နေရာ ဖြစ်သည်။ ဥယျာဉ်အတွင်း ကြံ့များကို အမဲလိုက် သတ်ဖြတ်မှုများ ရှိခြင်းကြောင့် ၁၉၉၆ ခုနှစ်တွင် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ထိုဥယျာဉ်သည် အာဖရိကဆင်များ ယဉ်ပါးအောင် လေ့ကျင့်ရေး အစီအစဉ် ကြောင့်လည်း လူသိများပြီး ထိုအစီအစဉ်မှ ကမ္ဘာလှည့်ခရီးသွားများ စီးနင်းနိုင်သည့် တိရစ္ဆာန်များ အဖြစ် ပြောင်းလဲပေးသည်။ ထိုဥယျာဉ်အား လက်ရှိတွင် အကျိုးအမြတ်မယူသည့် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဖရိက ဥယျာဉ် ကွန်ယက်မှ စီမံခန့်ခွဲလျက် ရှိသည်။
ဂါရမ်ဘာ အမျိုးသားဥယျာဉ် | |
---|---|
IUCN category II (အမျိုးသားဥယျာဉ်) | |
ဂါရမ်ဘာ အမျိုးသားဥယျာဉ်ကို အပေါ်စီးမှ မြင်ရပုံ | |
တည်နေရာ | ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၏ အရှေ့မြောက်ပိုင်း |
ကိုဩဒိနိတ် | 4°0′N 29°15′E |
ဧရိယာ | ၄,၉၂၀ ဧက (၁၉.၉ km2) |
ဖွဲ့စည်း | ၁၉၃၈ |
အုပ်ချုပ်ရေး | l'Institut Congolais pour la Conservation de la Nature (ICCN) |
ဂါရမ်ဘာ အမျိုးသားဥယျာဉ်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ကွန်ဂိုဒီမိုကရက်တစ်သမ္မတ |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii, x |
ကိုးကား | ၁၃၆ |
ဒေသ** | အာဖရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၀ (စတုတ္ထအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.