![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e8/Classical_Guitar_two_views.jpg/640px-Classical_Guitar_two_views.jpg&w=640&q=50)
ဂီတာ
From Wikipedia, the free encyclopedia
ဂီတာ (အင်္ဂလိပ်: Guitar) ဟူသည် ကြိုးတပ် တူရိယာတစ်ခုဖြစ်ပြီး ထိုကြိုးများအား လက်ဖြင့် တီးခတ်ရသည်။ ဂီတာ၏ အဓိက အစိတ်အပိုင်းများမှာ ကိုယ်ထည်၊ လက်ကိုင်၍ ကြိုးများအား ဖိထိန်းရန်အတွက် ပြားသော လက်ကိုင်တန်း တစ်ခု၊ ထိုကြိုးများအား ထိန်းချုပ်ထားရန်အတွက် ထိန်းချူပ်ဘားများ နှင့် ကြိုးတို့ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ဂီတာ တစ်ခုအား သစ်သား သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ကြသည်။ ထို့ပြင် ဂီတာကြိုးအား သံမဏိ သို့မဟုတ် နိုင်လွန်ဖြင့် ပြုလုပ်ထားကြသည်။ ဂီတာကြိုးများကို များသောအားဖြင့် ညာလက်ချောင်းကလေးများဖြင့် လည်းကောင်း၊ အထူးပြုလုပ်ထားသော ဂစ်တာတီးရန် ပလတ်စတစ်ပြားကလေးများဖြင့် လည်းကောင်း ခတ်ယူတီးခတ်ကြသည်။ သို့သော် အချို့သည် ဘယ်လက်ဖြင့် တီးခတ်ကြသေးသည်။ ထိုသို့ တီးခေတ်မှုပုံစံကို ကြိုးခတ်ခြင်းဟူ၍ ခေါ်သည်။ မြန်မာနိုင်ငံရှိ အခေါ်အဝေါ်မှာ အင်္ဂလိပ်ဘာသာမှ ခေါ်ဝေါ်သော "Plectrum" ဟူ၍လည်း ခေါ်ဝေါ်သည်။ ဘယ်လက်သည် ဂီတာ၏ (ပြားသော လက်ကိုင်တန်း)လည်တိုင်အား ကိုင်ထားရပြီး တစ်ချိန်တည်းတွင်ပင် ဘယ်လက်မှ လက်ကိုင်တန်းပေါ်ရှိ ဂစ်တာကြိုးလေးများအား လက်ဖြင့် ဖိနိုပ်ထားရရပြီး ညာလက်မှ ဂီတာကြိုးများအား အပေါ်အောက် ဆွဲ၍ တီးခေတ်ခြင်း သို့မဟုတ် ကြိုးကလေးများအား တစ်ချောင်းခြင်း ခတ်၍ တီးခြင်းဖြင့် အသံထွက်ပေါ်စေသည်။ လက်အနေအထားပြောင်းခြင်းဖြင့် ဂီတာအသံ၊နုတ်များအား ပြောင်းလဲနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဂီတာသည် ယနေ့ခေတ် လူကြီး၊ လူငယ်များ အကြိုက်တွေ့၍ ဝယ်ယူရ လွယ်ကူခြင်း၊ တီးခတ်ရ လွယ်ကူခြင်းတို့ကြောင့် လူကြိုက်များ ရေပန်းစားသော တူရိယာ တစ်ခုပင်ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/e8/Classical_Guitar_two_views.jpg/640px-Classical_Guitar_two_views.jpg)
ယနေ့ ဂီတာများ၏ ခေတ်စားမှုသက်တမ်းသည် တိုတောင်းသည်ဟု သင်ယူဆနိုင်သော်လည်း နှစ်ပေါင်းထောင်နှင့် ချီသည့် ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားလေသည်။ ရှေးယခင်က အာရှမိုင်းနားဟူ၍ ခေါ်တွင်သည့် အီဂျစ်ပြည်၌ လွန်ခဲ့သည့် ဘီစီ ၁၀၀ဝခန့် အေဒီ၆၀ဝ ခန့်လောက်မှ ဂီတာနှင့် နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့သည်။ သမိုင်းအထောက်အထားတွေအရ ဂီတာရဲ့ အစောဆုံးတူရိယာဟာ အာရပ်နိုင်ငံတွေကနေ စတင်ဆင်းသက်ပေါက်ဖွားခဲ့ပြီး ဂီတာဆိုသည့် ဝေါဟာရမှာ ရှေးဂရိလူမျိုးများ အမြတ်တနိုး တီးခတ်ခဲ့ကြတဲ့ ကီသာရာ(KITHARA) တူရိယာမှ ဆင်းသက်လာသည် ဟူ၍လည်း လက်ခံထားကြသည်။