ကျေးသန္တာသည် ကြက်တူရွေးငှက်အမျိုးအစားဖြစ်သည်။ ကျေးသန္တာကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်ကြသည်။[2] ပါဏဗေဒအမည်မှာ 'လော်ရီကူလပ်ဗာနာလိ' ဖြစ်သည်။ သစ်ကိုင်းတွင် ဦးခေါင်းဇောက်ထိုးထားလျက် တွဲလွဲနေတတ်သည်။ ဤအကျင့်ကို အစွဲပြု၍ ယင်းကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်သေးသည်။ ကျွမ်းသန္တာလန်ဟူသော စကားသည် ဤကပင် ဆင်းသက်လာသည်။ အခြားကြက်တူရွေးတို့ကဲ့သို့ ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်စွာနေတတ်သည်။[3][4]

အချက်တိုများ ကျေးသန္တာ, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
ကျေးသန္တာ
Thumb
Male in Karnataka, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Psittaciformes
မျိုးရင်း: Psittaculidae
မျိုးရင်းသေး: Agapornithinae
မျိုးစု: Loriculus
မျိုးစိတ်:
L. vernalis
ဒွိနာမ
Loriculus vernalis
(Sparrman, 1787)
ပိတ်ရန်

အမြီးအပေါ် မြီးရင်းမွေးနှင့် နှုတ်သီးအနီရောင်ရှိပြီး ဝါတာတာ ခြေထောက်ရှိသည်။ အမြီးတိုသည်။ အစိမ်းရောင်ရှိ သေးငယ်သော ငှက်မျိုးဖြစ်သည်။[2] ကျေးသန္တာတွင် လည်ပင်းလည်ကုပ်နှင့် ကျောပိုင်းတို့၌ အပြာရောင်သန်းနေ၍ အတောင်၌ အစိမ်းနှင့် အနီရောင်များ ရောနေသည်။[3] ကိုယ်လုံးစိမ်း၍ တင်ပါးနီသည်။ ငှက်ဖို၏လည်တွင် အပြာမှတ်ပါရှိသည်။[4]

ကိုယ်အလျား ၅၁/၂"ခန့် ရှိသည်။ သစ်တောများနှင့် အမြဲစိမ်းသစ်တောများအတွင်း ရှင်းလင်းထားသော နေရာများတွင် တွေ့ရသည်။ သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေသဖြင့် တွေ့မြင်ခဲသည်။ သစ်ပင်ထိပ်ဖျားမှ ဝိုင်းပတ်လျက် အုပ်စုလိုက်ပျံသန်းကြသည်။ အိပ်သည့်အခါ တစ်ခါတစ်ရံ နားနေသည့်အခါ ဇောက်ထိုးချိတ်ဆွဲနေလေ့ရှိသည်။[2] လင်းနို့များကဲ့သို့ သစ်ကိုင်းတွင် ဦးခေါင်းစောက်ထိုးထား၍ တွဲလွဲနေတတ်သည်။ ပျံရာတွင် အလွန်လျင်မြန်သည်။[4] ပန်းပွင့်သစ်သီးနှင့် ဘယ်ရီသီးများ စားသည်။ ပျံချိန်တွင် ‘တီး-စစ်’ သို့မဟုတ် ‘ပီး-ဇက်အက်-အက်’ ဟု အဆက်မပြတ် ခေါ်သံပေးသည်။ ဇန်နဝါရီလမှ ဧပြီလအတွင်း သားပေါက်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းမှအပ ကျန်ဒေသများတွင် တွေ့ရသော ဌာနေငှက်ဖြစ်သည်။[2]

ပုံများ

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.