![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/bb/ThuraKyawHtin.jpg/640px-ThuraKyawHtin.jpg&w=640&q=50)
ကျော်ထင်၊ ဦး (သူရ)
From Wikipedia, the free encyclopedia
နိုင်ငံကောင်စီ အတွင်းရေးမှူး (အငြိမ်းစား)၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) သူရကျော်ထင်ကို အဖ ဘီအိုစီ စာရေး ဦးဘသိန်း၊ အမိ ဒေါ်စံရွှေတို့က ၁၉၂၄ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် ပြည်မြို၌ ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ သူရဦးကျော်ထင်သည် ငယ်စဉ်က ၁၉၃၁ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ သဲကုန်းမြို့တွင် လည်းကောင်း၊ ၁၉၃၂ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ သာယာဝတီမြို့ အေဘီအမ် ကရင်အထက်တန်းကျောင်းတွင် လည်းကောင်း၊ ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် လည်းကောင်း ပညာသင်ယူသည်။
အချက်တိုများ အငြိမ်းစား ဗိုလ်ချုပ်ကြီးသူရဦးကျော်ထင် လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့် )၊ နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်), မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီ ...
အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးကျော်ထင် လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့် )၊ နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်) | |
---|---|
![]() | |
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီ | |
အတွင်းရေးမှူး ဇူလိုင်လ ၁၉၈၈ – စက်တင်ဘာလ ၁၉၈၈ | |
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
ဒုတိယဝန်ကြီးချုပ် နိုဝင်ဘာ ၁၉၈၁ – ဇူလိုင်လ ၁၉၈၈ | |
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာကွယ်ရေးဝန်ကြီးဌာန | |
ဝန်ကြီး မတ်လ ၁၉၇၆ – ဇူလိုင်လ ၁၉၈၈ | |
တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မတ်လ ၁၉၇၆ – နိုဝင်ဘာလ ၁၉၈၅ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် ပြည်မြို့ |
ကွယ်လွန် | ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ရန်ကုန်မြို့ |
နိုင်ငံသား | ![]() |
လူမျိုး | ဗမာ |
နိုင်ငံရေးပါတီ | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ |
သားသမီး | ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် |
မိဘ | ဦးဘသိန်း + ဒေါ်စံရွှေ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
အမှုထမ်းကာလ | ၁၉၄၃ ခုနှစ်မှ - ၁၉၈၅ ခုနှစ်ထိ |
ရာထူး | ဗိုလ်ချုပ်ကြီး |
ဆုတံဆိပ်များ | သူရဘွဲ့ |
ပိတ်ရန်