![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/72/Coal_anthracite.jpg/640px-Coal_anthracite.jpg&w=640&q=50)
ကျောက်မီးသွေး
From Wikipedia, the free encyclopedia
ကျောက်မီးသွေးကို ကမ္ဘာ့ ထင်းမီးဟု ခေါ်ဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် ထင်းမီးအဖြစ်ဖြင့် အသုံးပြုလျက် ရှိကြသော ဝတ္ထုပစ္စည်းများတွင် ကျောက်မီးသွေးသည် လူသိအများဆုံး အထင်ရှားဆုံးဖြစ်သည်။ အပူဓာတ်ကို ပေးရာတွင် ကျောက်မီးသွေးသည် အင်အားကြီးမား၍ တန်ခိုးကြီး ပစ္စည်းတစ်ခုဖြစ်ပေသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/72/Coal_anthracite.jpg/320px-Coal_anthracite.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/9/99/Wiktionary-logo-en-v2.svg/40px-Wiktionary-logo-en-v2.svg.png)
ရှေးပဝေသဏီကပင် လူများသည် ကျောက်မီးသွေးကို မတွေ့ကြသေး၊ ယင်း၏အသုံးဝင်ပုံကိုလည်း မသိကြသေးချေ။ ထိုနောက် အင်္ဂလန်နှင့် စကော့တလန်ပြည်ရှိ လူအချို့သည် ကျောက်မီးသွေးဟူ၍ မသိဘဲ "ကန့်ကျောက်" တစ်မျိုးဟု ခေါ်ဆိုကြပြီးလျှင် ကျောက်မီးသွေးကို မြေအောက်မှ တူးဖော်၍ ထင်းမီးအလို့ငှာ စတင်အသုံးပြုလာကြသည်။ ထိုမှ တစတစ ယင်း၏အသုံးဝင်ပုံကို သိ၍ လာကြပြီးလျှင် ကျောက်မီးသွေးမှာ ထင်ရှားလာခဲ့သည်။ အင်္ဂလန်၊ အမေရိကန်၊ ဂျာမနီ၊ ရုရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်စသောအရှေ့ဘက် အနောက်ဘက်နိုင်ငံကြီးများရှိ စက်ရုံ၊ အလုပ်ရုံများလိုလို ကျောက်မီးသွေးကို အသုံးပြုခဲ့ကြသည်။ ယခုအခါ ရှားပါးလာသည်နှင့်အမျှ အခြားအစားထိုးလောင်စာ( ဓာတ်ဆီ၊ ဒီဇယ် စသော )များကို တီထွင်အသုံးပြုနေကြပြီးဖြစ်သည်။