ကျင်းယုံ(အင်္ဂလိပ်: Jin Yong, တရုတ်ဘာသာဖြင့်-查良鏞博士) (၁၀ မတ် ၁၉၂၄ - ၃၀ အောက်တိုဘာ ၂၀၁၈) သည် တရုတ်စာရေးဆရာ တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ လူးဝစ်စ်ချာ ဖြစ်သည်။ GMB နှင့် OBE စသည့် ဘွဲ့အမည်များကို ရရှိခဲ့သူဖြစ်ပြီး ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် မွေးဖွားသည်။ ၁၉၅၉ ခုနှစ်တွင် စတင်သော ဟောင်ကောင်နေ့စဉ် သတင်းစာ မင်ပေါင်း ကို တည်ထောင်သူများတွင် တစ်ဦး အပါအဝင်ဖြစ်ကာ သတင်းစာ၏ ပထမဆုံး အယ်ဒီတာချုပ်ဖြစ်သည်။

အချက်တိုများ The HonourableDr. Louis Cha查良鏞博士GBM, OBE, မွေးဖွား ...
The Honourable
Dr. Louis Cha
查良鏞博士
GBM, OBE
Thumb
မွေးဖွား (1924-02-06) ၆ ဖေဖော်ဝါရီ၊ ၁၉၂၄ (အသက် ၁၀၀)
ဟိုင်ညင်းမြို့၊ ကျို့ကျောင်းပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အလုပ်အကိုင်ဝတ္ထုစာရေးဆရာ၊ စာတမ်းရှင်
စာပေအမျိုးအစားတရုတ်သိုင်း
သားသမီး၄ (၃ ဦး သက်ရှိထင်ရှား)
ဝက်ဘ်ဆိုဒ်
jinyong.com
ပိတ်ရန်

ကျင်းယုံရေးသားသော ဝူရှား အမျိုးအစား တရုတ်သိုင်းဝတ္ထုများကို တရုတ်စကားပြော ဒေသများဖြစ်သော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အရှေ့တောင် အာရှ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ဖတ်ရှုသူ အများအပြား ရှိသည်။ ၁၉၅၅ မှ ၁၉၇၂ ခုနှစ် အတွင်း ရေးသားသော ဝတ္ထုများကြောင့် သူ့အား အကောင်းဆုံး တရုတ်သိုင်းဝတ္ထုရေး စာရေးဆရာ တစ်ယောက် အဖြစ် နာမည်ကျော်ကြားခဲ့သည်။ သူ့၏စာအုပ်များကို အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှားနှင့် အင်ဒိုနီးရှား စသည့်ဘာသာစကားများဖြင့် အမြောက်အမြား ပြန်ဆိုခဲ့ကြသည်။ သူသည် ယခုလက်ရှိတွင် သက်ရှိထင်ရှား ရှိနေသော တရုတ်စာရေးဆရာများတွင် အရောင်းရဆုံး စာရေးဆရာ တစ်ဦးဖြစ်ပြီး စာအုပ်ပေါင်း သန်း ၁၀၀ ကျော်ကို ရောင်းချပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ အသက် ၉၄ နှစ်အရွယ်တွင် ဟောင်ကောင်၌ ကွယ်လွန်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

ဝတ္ထု (၁၅) ပုဒ် ရေးသားခဲ့ရာ "ယုမိန်းကလေး၏ ဓား" ဝတ္ထုတိုမှလွဲ၍ ကျန်သည်တို့မှာ ဝတ္ထုရှည်၊ ဝတ္ထုလတ် အမျိုးအစားများ ဖြစ်သည်။ အများစုကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပြီးမှသာ ဝတ္ထုအဖြစ် ပြန်လည်ပုံနှိပ်လေ့ရှိသည်။

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ထုတ်ဝေသည့် ခုနှစ် ...
ခေါင်းစဉ်ထုတ်ဝေသည့် ခုနှစ် ထုတ်ဝေသူ မြန်မာပြန် ခေါင်းစဉ် ပြန်ဆိုသူ
ကျမ်းတစ်အုပ် ဓားတစ်လက်( 書劍恩仇錄) ၈ ဖေဖော်ဝါရီ ၁၉၅၅ - ၅ စက်တင်ဘာ ၁၉၅၆ ညနေခင်းသစ် သတင်းစာ ဓားတစ်ဆုပ် ကျမ်းတစ်အုပ် သူရဲအလုပ် တက္ကသိုလ် နေလင်းအောင်
တော်ဝင်သွေး စွန်းတဲ့ဓား (碧血劍) ၁ ဇန်နဝါရီ ၁၉၅၆ - ၃၁ ဒီဇင်ဘာ ၁၉၅၆ ဟောင်ကောင် ကော်မာရှယ် နေ့စဉ် မြွေဓားရှင် မိုးကျော်သူ
သိမ်းငှက်သူရဲကောင်းတို့ ဒဏ္ဍာရီ (射鵰英雄傳) ၁ ဇန်နဝါရီ ၁၉၅၇ - ၁၉ မေ ၁၉၅၉ ဟောင်ကောင် ကော်မာရှယ် နေ့စဉ် သိုင်းလောကမှ သူရဲကောင်းများ မိုးကျော်သူ
နှင်းတောင်ထက်က မိုးပျံမြေခွေး (雪山飛狐) ၉ ဖေဖော်ဝါရီ ၁၉၅၉ - ၁၈ ဂျွန် ၁၉၅၉ ညနေခင်းသစ် သတင်းစာ သိုင်းလောကအငြိုးခံ မိုးပျံမြေခွေး တက္ကသိုလ် နေလင်းအောင်
တစ်ကျော့ပြန် သိမ်းငှက်သူရဲကောင်းများ (神鵰俠侶) ၂၀ မေ ၁၉၅၉ - ၅ ဂျူလိုင် ၁၉၆၁ မင်ပေါင်း သိုင်းလောကမှ မောင်မယ်များ, သိုင်းလောကမှ မျိုးဆက်များ မိုးကျော်သူ
မြေခွေးပျံ (飛狐外傳) ၁၁ ဇန်နဝါရီ ၁၉၆၀ - ၆ ဧပြီ ၁၉၆၂ ဝူးရှနှင့်သမိုင်းကြောင်း မြေခွေးမိုးပျံ သိုင်းအားမာန် ဝဏ္ဏအောင်
ကြင်သူနှစ်ဦး၏ ဓားအက (鴛鴦刀) ၁ မေ ၁၉၆၁ - ၃၁ မေ ၁၉၆၁ မင်ပေါင်း
အနှိုင်းမဲ့ဓားနှင့် နဂါးဓား (倚天屠龍記) ၆ ဂျူလိုင် ၁၉၆၁ - ၂ စက်တင်ဘာ ၁၉၆၃ မင်ပေါင်း နဂါးနိုင်ဓား တက္ကသိုလ် နေလင်းအောင်
မြင်းဖြူစီး၍ အနောက်သို့သွားခြင်း (白馬嘯西風) ၁၆ အောက်တိုဘာ ၁၉၆၁ - ၁၀ ဇန်နဝါရီ ၁၉၆၂ မင်ပေါင်း
နတ်အလားစွမ်းသူများနှင့် မိစ္ဆာမခြားကြမ်းသူများ (天龍八部) ၃ စက်တင်ဘာ ၁၉၆၃ - ၂၇ မေ ၁၉၆၆ မင်ပေါင်း, နန်ယန်း စင်ဂ် ပေါ လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ မိုးကျော်သူ
အန္တရာယ်များသည့် လျှို့ဝှက်ချက် (連城訣) ၁၂ ဇန်နဝါရီ ၁၉၆၄ - ၂၈ ဖေဖော်ဝါရီ ၁၉၆၅ အရှေ့တောင်အာရှ အပတ်စဉ်
အကြင်နာနဲ့ စပ်တဲ့ကဗျာ (俠客行) ၁၁ ဇွန် ၁၉၆၆ - ၁၉ ဧပြီ ၁၉၆၇ မင်ပေါင်း
အပြုံးမပျက်တဲ့ သိုင်းတေလေ (笑傲江湖) ၂၀ ဧပြီ ၁၉၆၇ ၁၂ အောက်တိုဘာ ၁၉၆၉ မင်ပေါင်း သိုင်းလောက၏ စိန်ခေါ်သံ တက္ကသိုလ် နေလင်းအောင်
သမင်နဲ့ အိုး (鹿鼎記) ၂၄ အောက်တိုဘာ ၁၉၆၉ - ၂၃ စက်တင်ဘာ ၁၉၇၂ မင်ပေါင်း ပန်းခူးလိပ်ပြာ သိုင်းမာယာ ရဲမင်းဟိန်း
ယုမိန်းကလေးရဲ့ ဓား (越女劍) ၁ ဇန်နဝါရီ ၁၉၇၀ - ၃၁ ဇန်နဝါရီ ၁၉၇၀ မင်ပေါင်း ညနေခင်းအချပ်ပို
ပိတ်ရန်

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.