ကုန်စည်
From Wikipedia, the free encyclopedia
ကုန်စည်ဆိုသည်မှာ ဘောဂဗေဒ ဘာသာရပ်တွင် အသုံးဝင်သည့် မည်သည့် အရာဝတ္ထု သို့မဟုတ် ကုန်ပစ္စည်းကို ဆိုလိုခြင်း ဖြစ်သည်။
ရုံးအဆောက်အအုံနှင့် စက်ကိရိယာစသည်တို့မှာ စားသုံးသူမှ တိုက်ရိုက်သုံးစွဲ၍ မရသော်လည်း တဆင့် ပြန်လည် ရောင်းချလျှင် တန်ဖိုးရှိသည့် အတွက် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ကြသည်။ ကုန်စည်မှာ အကောင်အထည် ပြ၍ ရနိုင်သော ပစ္စည်းဖြစ်ပြီး ၎င်း၏ ဆန့်ကျင်ဘက် အကောင်အထည် ပြ၍ မရနိုင်သော ပစ္စည်းကို ဝန်ဆောင်မှု ဟု ခေါ်သည်။
လေကဲ့သို့သော ပစ္စည်းများမှာ အသုံးဝင်သောလည်း အခမဲ့ ရနိုင်သည့် အတွက် အခမဲ့ ကုန်စည်အဖြစ် သတ်မှတ်ကြသည်။