ကာလဝမ်းရောဂါ
From Wikipedia, the free encyclopedia
ကာလဝမ်းရောဂါ(Cholera )သည် “ဗိုက်ဘရီယို ကော်လရေး” ဘက်တီးရီးယားပိုးကြောင့် အူသိမ်ထဲတွင် ရောဂါကူးစက်မှုဖြစ်ပွားခြင်း ဖြစ်သည်။ အဓိကရောဂါလက္ခဏာများမှာ အရည်များ အလွန်အမင်းပါသော ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ ဖြစ်သည်။ ကူးစက်ခြင်းမှာ အရင်းခံအားဖြင့် မသန့်ရှင်းသောရေ သို့မဟုတ် အစာကို စားမိခြင်းကြောင့် ဖြစ်သည်။ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ ပြင်းထန်ပါက အလျင်အမြန် ရေဓာတ်ကုန်ခန်းခြင်းနှင့် ခန္ဓာကိုယ်တွင်းရှိ အီလက်ထရိုလိုက်များ မညီမမျှ ဖြစ်စေနိုင်သည်။ အခြေခံကုသမှုမှာ ခံတွင်းမှ ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသည့် ဖျော်ရည်ဖြင့် ဖြစ်ပြီး၊ အကယ်၍ ဤသို့ကုသရုံဖြင့် မရပါက အကြောထဲသို့ ဆေးသွင်းကာ ကုသရသည်။ ပဋိဇီဝဆေးများမှာ ထိုသို့သော ပြင်းထန်သည့် ရောဂါများအတွက် ကောင်းကျိုးရှိပေသည်။ ၂ဝ၁ဝ−ခုနှစ်တွင် ကာလဝမ်းရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် လူသန်းပေါင်း ၃-၅ သန်းအပေါ်တွင် ထိခိုက်ကူးစက်ခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ - ၁၃၀,၀၀၀ ဦး သေဆုံးခဲ့ရသည်။ ကာလဝမ်းရောဂါသည် ရောဂါကူးစက် ပျံ့နှံ့ခြင်းနှင့် သက်ဆိုင်သော နည်းလမ်းများဖြင့် လေ့လာခဲ့သည့် အစောဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်သည်။
ကာလဝမ်းရောဂါ | |
---|---|
Scanning electron microscope image of Vibrio cholerae | |
အထူးပြု | ကူးစက်ရောဂါ, emergency medicine |