![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/85/Seal_of_the_Karen_National_Union.svg/langmy-640px-Seal_of_the_Karen_National_Union.svg.png&w=640&q=50)
ကရင် အမျိုးသား အစည်းအရုံး
တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်း / From Wikipedia, the free encyclopedia
ကရင်အမျိုးသားအစည်းအရုံး ဆိုသည်မှာ ကေအင်ယူ Karen National Union (KNU) ဖြစ်သည်။ ထိုအစည်းအရုံး၏ လက်နက်ကိုင်တပ်မှာ ယခင်ကကေအင်ဒီအို Karen National Defense Organization (KNDO) ယခု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) Democratic Karen Buddhist Army (DKBA) သည် ကေအင်ယူမှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်သွားသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ကေအင်ယူမှ ခွဲထွက်သွားသော နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သော ကေအင်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ဖြစ်သည်။လက်ရှိ KNU ဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူဝင်း၊ ဒုဥက္ကဋ္ဌမှာ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးမှာ ပဒို စောတာဒိုမူးနှင့် တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) အဖြစ် ပဒိုစောသောသီဘွဲနှင့် ပဒိုစောလှထွန်း တို့ ဖြစ်သည်။
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ကရင်အမျိုးသားအစည်းအရုံး Karen National Union ကညီ ဒီကလုာ် စၢဖှိၣ်ကရၢ | |
---|---|
![]() | |
နာယက | ပဒိုစောကွယ်ထူးဝင်း |
အထွေထွေ အတွင်းရေးမှူး | ပဒိုစောတာဒိုမှူး |
ပြောခွင့်ရပုဂ္ဂိုလ် | ပဒိုးစောကွယ်ထူးဝင်း ပဒိုးစောတာဒိုမူး ပဒိုးစောလှထွန်း ပဒိုစောတောနီး |
ဒုဥက္ကဋ္ဌ | ပဒိုစောဆဲဂေ |
ဆောင်ပုဒ် | "Give me liberty, or give me death!"[1] |
သီချင်း | "Dear Our People" |
တည်ထောင်ခြင်း | ၅ ဖေဖော်ဝါရီ ၁၉၄၇ (၁၉၄၇-၀၂-၀၅) |
ဌာနချုပ် | Lay Wah Law Khee Lar မာနယ်ပလော (၁၉၅၅ မတိုင်ခင်) |
တပ်မတော် | ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ |
နိုင်ငံရေး သဘောတရား |
|
ဘာသာတရား | ခရစ်ယာန်ဘာသာ ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာ တိုင်းရင်းသားဘာသာ |
ဝက်ဘ်ဆိုဒ် | |
(in ကရင်ဘာသာစကားများ, မြန်မာ, and အင်္ဂလိပ်) | |
ပါတီအလံ | |
![]() |
![](http://upload.wikimedia.org/wikipedia/my/thumb/4/49/Karen33.jpg/320px-Karen33.jpg)
![](http://upload.wikimedia.org/wikipedia/my/thumb/c/c4/Karen44.jpg/320px-Karen44.jpg)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ကြေညာခဲ့သည်။[2]