ကင်မရာဆိုသည်မှာ ရုပ်ပုံများကို ရုပ်သေဓာတ်ပုံ အနေနှင့် ဖြစ်စေ ရုပ်ရှင်၊ ဗွီဒီယိုတို့ကဲ့သို့သော ပြောင်းလဲနေသော ရုပ်ပုံများအနေနှင့် ဖြစ်စေ ဖမ်းယူရိုက်ကူးသော ကိရိယာဖြစ်သည်။ ကင်မရာဆိုသော အင်္ဂလိပ်စကားလုံးမှာ လက်တင်ဘာသာ camera obscura မှဆင်းသက်လာပြီး မှောင်နေသောအခန်း ဟုအဓိပ္ပာယ်ရသည်။ ထိုသို့အမည်မှည့်ခေါ်ရခြင်းမှာ ရှေးခေတ်ကာလများက ဓာတ်ပုံရိုက်ကူးရာတွင် အခန်းတစ်ခုလုံးကို ပြင်ပ၌လက်ရှိဖြစ်ပေါ်နေသော ရုပ်ပုံများကို ဖမ်းယူရိုက်ကူးရန်အတွက် အသုံးချသောစနစ် ကြောင့်ဖြစ်သည်။ ခေတ်သစ်ကင်မရာများသည် ထိုစနစ်မှ တိုးတက်ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

Thumb
ခေတ်သစ် မှန်ဘီလူးတစ်ခုတည်းသာ ပါဝင်သော reflex ကင်မရာ

ကင်မရာများသည် မြင်နိုင်သော ဖြာထွက်ရောင်ခြည် အပိုင်းအခြား (visible spectrum) မှ အလင်းရောင်ကို အသုံးပြု၍ ရိုက်ကူးနိုင်သကဲ့သို့ အခြားလျှပ်စစ်သံလိုက်ဖြာထွက်ရောင်ခြည် အပိုင်းအခြား(electromagnetic spectrum)များကို အသုံးပြု၍လည်း ရိုက်ကူးနိုင်သည်။ ကင်မရာတွင် အစွန်းတစ်ဖက်တွင် အလင်းရောင်ဝင်ရောက်နိုင်သည့် အဖွင့် (အပါချာ)တစ်ခု ပါဝင်သည့် အလုံပိတ်ထားသော အခေါင်းပေါက်တစ်ခု၊ အခြားတစ်ဖက်စွန်းတွင် အလင်းရောင်ကို ဖမ်းယူ၍ ရိုက်ကူးရန်နှင့် ကြည့်ရှုရန်အတွက် မျက်နှာပြင်တစ်ခုတို့ ယေဘူယျအားဖြင့် ပါဝင်သည်။ ကင်မရာအများစုတို့၌ ကင်မရာ၏အရှေ့ဘက် အဖွင့်ပိုင်းတွင် ဝင်ရောက်လာသော အလင်းတန်းများကို စုစည်းရန်နှင့် ရုပ်ပုံ၏ အားလုံး သို့မဟုတ် တစိတ်တဒေသကို တစ်နေရာတည်းသို့စုရုံး(focus) ရန် မှန်ဘီလူးတစ်ခုပါရှိသည်။ အပါချာ၏ အချင်းကို ကျဉ်းနိုင်ချဲ့နိုင်သော ဒိုင်ယာဖရမ်စနစ်ဖြင့် များသောအားဖြင့် ထိန်းချုပ်၍ရနိုင်သော်လည်း အချို့ ကင်မရာများတွင်မူ အသေတပ်ဆင်ထားသော အပါချာသာ ပါရှိသည်။

ဘိုးတော်ဘုရားနှင့် ကင်မရာ

ကုန်းဘောင်မင်းဆက်ဘိုးတော်ဘုရားလက်ထက် ၁၇၉၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဦးဆုံးသော ကင်မရာ တစ်လုံးရောက်ရှိလာခဲ့ဖူးသည်။ ထိုစဉ်က ကမ္ဘာပေါ်တွင် ဓာတ်ပုံပညာ ကို လေ့လာဆဲဖြစ်ပြီး ဓာတ်ပုံကင်မရာများ စမ်းသပ်နေဆဲကာလ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဓာတ်ပုံကင်မရာ ပေါ်ပေါက် ခဲ့သောနှစ်မှာ ၁၈၃၉ ခုနှစ်က ဖြစ်သည်။ ထိုကြောင့်မြန်မာနိုင်ငံသို့ ကင်မရာ ရောက်လာသော ခုနှစ်နှင့်နှိုင်းယှဉ်လျှင် အလှမ်းဝေးလှသေးသည်။ တနည်းဆိုသော် ကမ္ဘာပေါ်တွင် ကင်မရာဟူ၍ သိသိမှတ်မှတ် မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ သို့ ကင်မရာတစ်လုံး ရောက်ရှိလာခြင်းပင်ဖြစ်သည်။ ယင်းကင်မရာကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သူမှာ အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ် ကပ္ပတိန် ဟီရမ်ကော့ (Hiram Cox) ဆိုသူဖြစ်သည်။ ယင်းကင်မရာမှာ ကနဦး ရိုးရိုးကင်မရာဖြစ်သည့် ကင်မရာ အော့ဘ်စကူးရား (Camera Obscura) သေတ္တာကင်မရာ အမျိုးအစားပင်ဖြစ်သည်။ မစ္စတာကော့စ် သည် ယင်းကင်မရာဖြင့် နေကြက်ခြင်း ဓာတ်ပုံများ ရှုခင်းများ ရိုက်ယူရန် ယူဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် နန်းစံသော ဘိုးတော်ဘုရားထံတော်သို့ ယင်းကင်မရာကို ဆက်သလိုက်သောအခါ မင်းကြီးသည် လွန်စွာအံဩသဘောတွေ့သွား၍ မစ္စကော့စ် အားဆုတော်ငွေများ ချီးမြှင့် ခဲ့ကြောင်းလေ့လာ သိရှိရသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.