ဟိမဝန္တာ တောင်တန်း
အာရှတိုက်ရှိ တောင်တန်းဟိမဝန္တာ တောင်တန်းသည် အာရှတိုက်တွင် တည်ရှိသည့် တောင်တန်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံ တိဘက်ကုန်းပြင်မြင့်အထိ သွယ်တန်းလျက်ရှိသည်။ ဟိမဝန္တာ ဆိုသည်မှာ နှင်းခဲများ၏ ဌာနေဟု အဓိပ္ပာယ်ရသည်။ ဟိမဝန္တာ တောင်တန်းသည် ကမ္ဘာမြေကြီးပေါ်တွင် အမြင့်မားဆုံး တောင်တန်းဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် ကဲ့သို့သော မီတာ ၈၀၀၀ အထက် တောင်ထိပ်များ တည်ရှိရာ အရပ်လည်းဖြစ်သည်။ ဟိမဝန္တာတောင်တန်းမှာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၂၉၀၂၈-ပေမြင့်သည်။
Read article