ရွှေကျင်မြို့
မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့ရွှေကျင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှိ မြို့တစ်မြို့ဖြစ်သည်။ ယခင်က ရွှေကျင်ခရိုင်ခွဲနှင့် ရွှေကျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရွှေကျင်ခရိုင်ခွဲသည် ရှေးအခါက သီးခြား ခရိုင်တစ်ခု ဖြစ်ခဲ့သော်လည်း ခရစ် ၁၈၉၅ ခုနှစ်မှစ၍ အသွား အလာ ပိုမိုလွယ်ကူသော သထုံမြို့သို့ ခရိုင်ဝန်ရုံးပြောင်းရွေ့သွား ကာ ရွှေကျင်ခရိုင်ခွဲကိုလည်း တောင်ငူခရိုင်အတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့သည်။ ယခုအခါ ပဲခူးခရိုင်တွင် ပါဝင်သည်၊ ရွှေကျင် ခရိုင်ခွဲသည် ပဲခူးခရိုင်အတွင်းရှိ မြောက်ဘက်အကျဆုံး ခရိုင်ခွဲ ဖြစ်၍ ရွှေကျင်မြို့နယ်တစ်ခုသာ ပါဝင်သည်။
Read article