မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဩစတေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်းစနစ်မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။ သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် မျှ ကျယ်ဝန်းသည်။ သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။
Read article