ပုဂံခေတ်
မြန်မာ လက်နက်နိုင်ငံ (၁၀၄၄–၁၂၉၇)ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ မြန်မာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမဆုံးမြန်မာဘုရင့်နိုင်ငံကို တည်ထောင်နိုင်ခြင်းဖြစ်သည်။ ပုဂံခေတ်ကို မြန်မာအစိုးရက ပထမမြန်မာနိုင်ငံတော်အဖြစ် သတ်မှတ်ထားသည်။ ပုဂံခေတ်ကာလကို သက္ကရာဇ် ၄၀၆-ခုမှ ပင်းယမြို့တည်သည့် သက္ကရာဇ် ၆၇၄-ခုအထိ သတ်မှတ်သည်။ ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ ၂၁၁-ခုနှစ်၌ တည်ထောင်သည်။
Read article