Map Graph

ဆားဘီးယားနိုင်ငံ

ဆားဘီးယားနိုင်ငံ၏ တရားဝင် အမည်မှာ ဆားဘီးယားသမ္မတနိုင်ငံ ဖြစ်ပြီး အလယ်ဥရောပနှင့် အရှေ့တောင် ဥရောပတို့ ဆုံရာ နေရာတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ကာပါသီယံ မြစ်ဝှမ်းဒေသနှင့် ဘောလကန်ဒေသ၏ အလယ်ပိုင်းတို့ ပါဝင်သည်။ မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့ဘက်တွင် ရိုမေးနီးယားနိုင်ငံ နှင့် ဘူလ်ဂေးရီးယားနိုင်ငံ၊ တောင်ဘက်တွင် မြောက်မက်စီဒိုးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် ခရိုအေးရှားနိုင်ငံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ၊ မွန်တီနီဂရိုးနိုင်ငံ တို့ရှိကြသည်။ ထို့အပြင် ကိုဆိုဗို မှ တဆင့် အယ်လ်ဘေးနီးယားနိုင်ငံနှင့် ထိစပ်နေသည်။ ကိုဆိုဗိုအား ဆားဘီးယားနိုင်ငံမှ ပိုင်ဆိုင်မှုနှင့် ပက်သက်၍ အငြင်းပွားဆဲ ဖြစ်သည်။ ဆားဘီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဘဲလ်ဂရိတ်မြို့သည် ဥရောပ အရှေ့တောင်ပိုင်းရှိ အကြီးဆုံးမြို့ကြီးများတွင် တစ်မြို့ အပါအဝင် ဖြစ်သည်။

Read article
ဖိုင်:Flag_of_Serbia.svgဖိုင်:Coat_of_arms_of_Serbia.svgဖိုင်:Serbia_(orthographic_projection).svgဖိုင်:Europe-Serbia.svg