From Wikipedia, the free encyclopedia
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) သည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး အမျိုးသားရေးနှင့် ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA | |
---|---|
ဥက္ကဋ္ဌ | ဦးရဲထွန်း |
နာယက | မင်းအောင်လှိုင် (ရာသက်ပန်) |
တည်ထောင်သူ | ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင် |
တည်ထောင်ခြင်း | ၁၂၆၈ခု၊ ကဆုန်လဆုတ် ၄ရက်၊ ကြာသပတေးနေ့ ၁၉၀၆ခုနှစ်၊ မေလ ၁၀ရက် |
ဆက်ခံ | ဝိုင်အမ်ဘီအေ |
ဌာနချုပ် | ရန်ကုန် |
နိုင်ငံရေး သဘောတရား | လက်ရှိ:
ဗုဒ္ဓအမျိုးသားရေးဝါဒ |
အရောင် | အဝါ၊ အစိမ်း၊ အနီ |
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ကို မြန်မာသက္ကရာဇ် ၁၂၆၈ခု၊ ကဆုန်လဆုတ် ၄ရက်၊ ခရစ်နှစ် ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ကြာသပတေးနေ့ နံနက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်းတည်နေရာကို အမှတ် (၈၆)၊ ၂၈ လမ်း၊ ရန်ကုန်မြို့၊ ဦးမောင်ကြီးနေအိမ်မှာ စတင်အခြေစိုက်ခဲ့သည်။ ဝိုင်အမ်ဘီအေ ကို ရန်ကုန်ကောလိပ် ကျောင်းသားများမှ စတင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ စတင် တည်ထောင်စက အဖွဲ့ဝင်အသင်းသားဦးရေ (၂၀)ဦးတောင် မပြည့်ခဲ့သလို ဥက္ကဋ္ဌ နှင့် အမှုဆောင် အဖွဲ့မရှိသေးဘဲ အကျိုးဆောင် အတွင်းရေးမှူး သာ ရှိခဲ့သည်။ ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင် တို့မှ စတင်စည်းရုံး လှုံ့ဆော်လှုပ်ရှားခဲ့ပြီး စတင်တည်ထောင်သူများတွင် ဦးမေအောင်၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင်၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စသောပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။
၁၉၀၈ ခုနှစ်တွင် ရန်ကုန်မြို့လုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အသင်း အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပြီး၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်များ ဖွဲ့စည်းနိုင်ခဲ့သည်။ အသင်း၏ စည်းမျဉ်း ဥပဒေကို ရေးဆွဲခဲ့ကြပြီး၊ အသင်းကို မြို့တိုင်း နယ်တိုင်းတွင် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ မြို့ကြီးအချို့တွင် အသင်းခွဲများ ပေါ်ပေါက်လာခဲ့ကာ အသင်းဝင်များတွင် လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်းနှင့် ပညာတတ်များ ပါဝင်လာခဲ့သည်။
၁၉၁၀ ခုနှစ်တွင် အသင်းခွဲတိုင်းမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သော အစည်းအဝေးကြီးတစ်ခု ခေါ်ဆိုနိုင်ခဲ့ပြီး အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌ အဖြစ် ဦးဘိုးပြေ့ က ဆောင်ရွက်ခဲ့သည်။ ၁၉၁၁ ခုနှစ်၊ မေလ-၇ ရက်နေ့တွင် ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဖရင့်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဦးမေအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးဘိုးပြေ့အား ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ဝိုင်အမ်ဘီအေ ၏ မူလရည်ရွယ်ချက်မှာ "အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ"ကို မြှင့်တင်ရန်ဖြစ်ပြီး ကြွေးကြော်သံများမှာ "အမျိုးကို ချစ်ပါ"၊ "ဘာသာကို လေးစားပါ"၊ "သာသနာကို ချီးမြှင့်ပါ"၊ "ပညာရေးကို အားပေးပါ"တို့ ဖြစ်သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် အစောပိုင်းတွင် သာသနာရေး ပညာရေးနှင့် လူမှုရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်လာခဲ့သည်။ ပြည်သူကို ကိုယ်စားပြုပြီး ဗြိတိသျှအစိုးရ၏ လုပ်ငန်းများကို ကန့်ကွက်ခြင်း၊ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးရန် တောင်းဆိုခြင်းများကိုပါ လုပ်ဆောင်နိုင်လာခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးက တင်ပြတောင်းဆို ချမှတ်လုပ်ဆောင်ခဲ့သော လုပ်ငန်းကြီးများ အချို့မှာ
ဝိုင်အမ်ဘီအေ၏ ပထမဆုံး နိုင်ငံရေးဆောင်ရွက်မှုမှာ အိန္ဒိယသို့ ကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးရန်တောင်းဆိုမှု ဖြစ်သည်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားလာသော ခရစ် ၁၉၁၇ ခုနှစ် မှ ၁၉၁၉ ခုနှစ်အတွင်း၌ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းပေါင်း ၂ဝဝ ကျော်မျှ တိုးပွားလာခဲ့လေသည်။ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျှက အိန္ဒိယကို အုပ်ချုပ်ရေး တိုးပေးဖို့စီစဉ်လာတဲ့အခါ ဝိုင်အမ်ဘီအေ က (ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့်ဦးမေအောင်) တို့ကို အိန္ဒိယ လွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။ သို့ရာတွင် ၁၉၁၈ ခုနှစ် ဇွန်လ၌ ထွက်ပေါ်လာသော မွန်တေဂူနှင့်ချမ်းစဖို့ အစီရင်ခံစာတွင် မြန်မာပြည် အတွက် အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေး ထောက်ခံချက်များ မပါရှိခဲ့ချေ။ ထိုနောက် အိန္ဒိယပြည်အား ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှုစနစ်ပေးအပ်ရန် ဗြိတိသျှ ပါလီမန်က ဥပဒေကြမ်း တင်သွင်းရာတွင် မြန်မာပြည်အတွက် ဘာမျှမပါရှိသည်နှင့် ၁၉၁၉ ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ကိုယ်စားလှယ်အဖွဲ့ကို ဘိလပ်ထိ လွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။ သို့ပါလျက်နှင့်လည်း အိန္ဒိယပြည်အုပ်ချုပ်ရေး ဥပဒေကြမ်းကို စဉ်းစားကြသော ဗြိတိသျှ အထက်နှင့်အောက် ပါလီမန် ၂ ရပ် တွဲဖက် ကော်မတီသည် မြန်မာပြည်အတွက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးများကို ဥပဒေကြမ်းတွင် ထည့်သွင်းပေးရန် မထောက်ခံခဲ့ချေ။ ကရက်ဒေါက်စီမံကိန်းနှင့် နှစ်သိမ့်လာတာကို ဝိုင်အမ်ဘီအေ ကပဲ ဦးစီးကန့်ကွက်ခဲ့ပြီး (၁၉၂၀) မှာ ‘ဖေပုမောင်’ (ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင်) တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ် ဘိလပ်လွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ တောင်းဆိုစေခဲ့ပါတယ်။ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကြမ်း ထွက်ပေါ်လာတဲ့အခါမှာလဲ ဥပဒေ မပြဋ္ဌာန်းမီကတည်းက တက္ကသိုလ်ဥပဒေကြမ်းကို ဝိုင်အမ်ဘီအေ ကနေ ကန့်ကွက်ခဲ့ပါတယ်။
ဝိုင်အမ်ဘီအေ ဟာ ဗမာပြည်မှာ တနိုင်ငံလုံး လက္ခဏာဆောင်တဲ့ ပထမဆုံး အမျိုးသား အစည်းအရုံးကြီးဖြစ်ခဲ့ပြီး ( ၁၉၁၀ မှ ၁၉၂၀ အတွင်း) အကြီးမားဆုံး သော အသင်းအဖွဲ့ကြီးလဲဖြစ်ခဲ့ပါတယ်။ အနုနည်းနှင့် ဗြိတိသျှဆန့်ကျင်ရေးလုပ်ငန်းကို တဆင့်ပြီး တဆင့် ဆောင်ရွက်နိုင်ခဲ့ပြီး မီးခဲပြာဖုံးဖြစ်နေတဲ့ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်ကို ပြန်လည်တွန်းတင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ၁၉၁၉-၁၉၂၀ ခုနှစ်တွေဟာ ဝိုင်အမ်ဘီအေ နှင့် ဗမာတိုင်းရင်းသားတွေရဲ့ နိုင်ငံရေး တရှိန်ထိုးမြင့်မားလာတဲ့နှစ်တွေဖြစ်ခဲ့ပြီး အထက်အောက် ဗမာနိုင်ငံ တဝှန်းလုံးမှာ ဝိုင်အမ်ဘီအေ အသင်းခွဲပေါင်း (၂၀၀) ကျော်အထိ ရှိခဲ့ပါတယ်။ အသင်းဝင်ပေါင်းလဲ၊ သိန်းနှင့်ချီ ရှိ နေခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှ ၁၉၂၀အထိ (၁၄) နှစ်တာအတွင်း ဗမာပြည်မှာ အကျယ်ပြန့်ဆုံး အကြီးမားဆုံးသော အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါတယ်။
ဝိုင်အမ်ဘီအေ အသင်းကြီးဟာ အသင်းကြီးရဲ့သက်တမ်းကာလအတွင်း နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်ကြီး တွေကို အဌမအကြိမ်မြောက်အထိ လုပ်နိုင်ခဲ့ပါတယ်။ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ဝိုင်အမ်ဘီအေ နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကြီးတွေကတော့ -
‘ဗုဒ္ဓဘာသာ မြန်မာ’ ဆိုတဲ့ လစဉ်စာစောင်ကို ထုတ်ဝေခဲ့ကြပြီး ၁၉၁၁ ခုနှစ်မှာ ဦးဘဘေ၊ ဦးလှဖေတို့ ဦးစီး ထုတ်ဝေလိုက်တဲ့ ‘သူရိယသတင်းစာ’ ထွက်ပေါ်လာတဲ့ အခါမှာတော့ ဝိုင်အမ်ဘီအေ လှုပ်ရှားမှုကြီးကို တွန်းတင်လိုက်သလို ကျယ်ပြန့်ကြီးထွားလာစေခဲ့ပြီး ‘သူရိယ’ ဟာလဲ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ သတင်းစာ သဖွယ် ဖြစ်လာခဲ့ပါတယ်။
၁၉၀၆ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးဟာ သက်တမ်းရင့်မာလာတာနှင့်အမျှ နိုင်ငံရေးဖက်ကို ဇောင်းပေးမှု တစတစမြင့်မားလာခဲ့သလို အဖွဲ့ကြီးအတွင်း လူကြီးနှင့်လူငယ်၊ နိုင်ငံရေးနှင့် ဘာသာရေး၊ တိုးတက်သောအစုနှင့် ဖောက်ပြန်သောအစု၊ တွေလဲ ပိုပိုပြီး သိသိသာသာကွဲပြားလာကာ မတူညီမှုတွေ နက်ရှိုင်းလာခဲ့ပါတော့တယ်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှာ ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ နှစ်ပတ်လည် ကွန်ဖရင့်မှာတော့ (ဝိုင်အမ်ဘီအေ) ကနေ (ဂျီစီဘီအေ) လို့ ထပ်မံဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဝိုင်အမ်ဘီအေ ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာလို့ အဓိပ္ပာယ် ပေါက်စေနိုင်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ အသင်းချုပ်ကြီးသဘော၊ ဗုဒ္ဓဘာသာ ဝင်မဟုတ်သူတွေပါ ပါဝင်နိုင်တဲ့ အဖွဲ့ချုပ်ကြီး သဘော၊ ကျယ်ကျယ်ပြန့်ပြန့် သက်ဝင်လှုပ်ရှား နိုင်စေရန်အတွက်ဆိုပြီး မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ) အဖြစ် ထပ်မံ ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်။
၁၉၄၈ ခု ဇန်နဝါရီ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်ရသော အခါ ဝိုင်အမ်ဘီအေ သည် နိုင်ငံရေးလှုပ်ရှားမှုများ မပါတော့ပဲ မူလရည်ရွယ်ချက်များ ဖြစ်သော "အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ" အတွက် ပြန်လည်ပေါ်ထွန်းလာခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.