မိမိဘာသာနိုင်ငံဟု ဖော်ထုတ်ကြေညာထားသော ဗြိတိသျှရေပိုင်နက်အတွင်း ကမ်းလွန်ပလက်ဖောင်း From Wikipedia, the free encyclopedia
ဆီလန်နယ် (အင်္ဂလိပ်: Principality of Sealand; /ˈsiːˌlænd/) သည် အင်္ဂလန်နိုင်ငံ၊ ဆာ့ဖစ်ကမ်းရိုးတန်းမှ တစ်ဆယ့်နှစ် ကီလိုမီတာ (၆ ၁⁄၂ ရေမိုင်) အကွာခန့်၊[3] မြောက်ပင်လယ်အတွင်းတည်ရှိသော အသိအမှတ်မပြုထားသည့်၊ နိုင်ငံဟု ကိုယ်တိုင်ထုတ်ဖော်ကြေညာထားသည့် (Roughs Tower ဟု သိကြသော) HM Fort Roughs ကမ်းလွန်ပလက်ဖောင်းတစ်ခုဖြစ်သည်။[5] Roughs Tower သည် ဒုတိယကမ္ဘာစစ်အတွင်းက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ပင်လယ်ခံတပ်တစ်ခု ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ အသုံးမပြုတော့သော Roughs Tower အား ပတ်ဒီ ရွိုင် ဘိတ် နှင့် မိသားစုတို့က ဝင်ရောက်နေထိုင်ကာ အချုပ်အခြာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ဘိတ်သည် ၁၉၆၇ ခုနှစ်တွင် လိုင်စင်မဲ့ ရေဒီယိုထုတ်လွှင့်သည့် အုပ်စုတစ်ခုထံမှ Roughs Tower ကို သိမ်းပိုက်ခဲ့ကာ ကိုယ်ပိုင်စခန်းအဖြစ် အသုံးချရန် ကြံစည်ခဲ့သည်။ ဆီလန်အား ၁၉၇၈ ခုနှစ်တွင် ကြေးစားစစ်သားများက ကျူးကျော်ခဲ့သော်လည်း တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းသည် ယင်း၏ ရေပိုက်နက်ကို ရေမိုင် ၁၂ မိုင်အထိ တိုးချဲ့ခဲ့သည့် ၁၉၈၇ ခုနှစ်မှစ၍ အဆိုပါပလက်ဖောင်းသည် ဗြိတိသျှပိုင်နက်အတွင်း ကျရောက်ခဲ့သည်။
Principality of Sealand Micronation | |
---|---|
နိုင်ငံတော် သီချင်း: "From the sea, Freedom" | |
ဆီလန်အား ကောင်းကင်မှ မြင်တွေ့ရပုံ (၁၉၉၉) | |
ဖွဲ့စည်းပုံ | စည်းမျဉ်းခံဘုရင်စနစ်[2] |
တည်ထောင် | |
• ကြေညာ | ၂ စက်တင်ဘာ ၁၉၆၇[3] |
ပိုင်ဆိုင်သည်ဟုဆိုသော ဧရိယာ | |
• စုစုပေါင်း | ၀.၀၀၄ km2 (၀.၀၀၁၅ sq mi) (approx. 1 acre) |
လူဦးရေ | |
• ခန့်မှန်း | ၂ (၂၀၁၅)[4] |
Purported currency | ဆီလန်ဒေါ်လာ |
ဝက်ဘ်ဆိုဒ် sealandgov.org |
၁၉၈၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသည် ၎င်း၏ ရေပိုင်နက်ကို ၃ to ၁၂ ရေမိုင် (၆ to ၂၂ ကီလိုမီတာ) တိုးချဲ့သည့်အချိန်မှစ၍ ဆီလန်သည် ဗြိတိသျှရေပိုက်နက်တွင် ကျရောက်ခဲ့သည်။[6] ဥပဒေကျွမ်းကျင်သူ ဂျွန်ဂစ်ဘ်ဆင်၏ အမြင်အရ ဆီလန်သည် လူလုပ်အဆောက်အဦတစ်ခုဖြစ်သည့်အတွက် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ဟု ဆိုသည်။[6]
ဆီလန်သည် "နိုင်ငံအဖြစ် ကြေညာသည့် အသေးဆုံး ဧရိယာ" ဟူသော ဂင်းနက် ကမ္ဘာ့စံချိန်ကို ရရှိထားသည်။[7]
ဩစတြေးလျန်း သတင်းစာနှင့် Red Bull တို့က ဆီလန်အား ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် ဖော်ပြခဲ့သော်လည်း[8][9] ဆီလန်အား မည်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံကမှ တရားဝင်အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော်လည်း ဆီလန်အစိုးရကမူ ယင်းထံသို့ သံတမန်တစ်ကြိမ် စေလွှတ်ခဲ့ခြင်းကြောင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဂျာမနီနိုင်ငံတို့မှ အသိအမှတ်ပြုသည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။[10]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.