ဒေးလီး တယ်လီဂရပ်ဖ် (အင်္ဂလိပ်: The Daily Telegraph, The Telegraph; /ˈtɛlɪɡræf/) သည် ဗြိတိသျှ နေ့စဉ်သတင်းစာဖြစ်၍ လန်ဒန်မြို့၊ တယ်လီဂရပ်ဖ် မီဒီယာအုပ်စုက ဖြန့်ချိကာ ယူနိုက်တက်ကင်းဒမ်းသာမက နိုင်ငံတကာသို့လည်း ဖြန့်ဖြူးကြသည်။ ဆိုက်ကြီးသတင်းစာအမျိုးအစားဖြစ်၏ ။

အချက်တိုများ အမျိုးအစား, ပုံစံအချိုးအစား ...
The Daily Telegraph
Was, is, and will be[1]
Thumb
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူTelegraph Media Group
အယ်ဒီတာChris Evans[2]
တည်ထောင်ခြင်း၂၉ ဇွန် ၁၈၅၅; ၁၆၉ နှစ် အကြာက (၁၈၅၅-၀၆-29) (Daily Telegraph & Courier အဖြစ်စတင်)
Political alignmentကွန်ဆာဗေးတစ်[3]
ဌာနချုပ်များအင်္ဂလန်၊ လန်ဒန်
စောင်ရေ၃၁၇,၈၁၇ (as of ၂၀၁၉ ဒီဇင်ဘာ)[4]
ညီအစ်မ သတင်းစာများThe Sunday Telegraph
ISSN0307-1235
OCLC နံပါတ်49632006
ဝက်ဘ်ဆိုဒ်telegraph.co.uk
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ပိတ်ရန်

အာသာ ဘီ. ဆလေး (Arthur B. Sleigh) က ၁၈၅၅ တွင် The Daily Telegraph & Courier အမည်ဖြင့် စတင်ထုတ်ဝေခဲ့ကာ ကွန်ဆာဗေးတစ်ပါတီအာဏာရလာသည့်အခါ ယူကေ၌ တိုင်းစ်သတင်းစာထက်ပို၍ပင် ခိုင်မာယုံကြည်နိုင်သည်ဟု ယူဆသတ်မှတ်ကြလေသည်။[5] "တယ်လီဂရပ်ဖ်"တွင် အရည်အသွေး အဆင့်မြင့်သည့် သတင်းပညာရပ်/ဆောင်ရွက်မှု ရှိသည်ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကာ ကမ္ဘာပေါ်၌ ကြီးမားခမ်းနားသော ခေါင်းစဉ်များထဲက တစ်ခုဟူ၍လည်း ဖော်ပြလေ့ရှိကြသည်။[6]

သတင်းစာ၏ ဆောင်ပုဒ်ဖြစ်သော "ယခင်၊ ယခု၊ အနာဂတ်" (Was, is, and will be) စာသားသည် ခေါင်းကြီးပိုင်းစာမျက်နှာများတွင် ပါ၍ ၁၈၅၈ ဧပြီ ၁၉ မှစကာ သတင်းစာ၏ ထုတ်ဝေမူတိုင်း၌ ထည့်သွင်းခဲ့ကြလေသည်။[7] ၂၀၁၈ ဒီဇင်ဘာတွင် စောင်ရေ ၃၆၃,၁၈၃ အထိရှိခဲ့၍[8] ညီအမသတင်းစာဖြစ်သည့် "The Sunday Telegraph" ကို ၁၉၆၁ မှစတင်ထုတ်ဝေခဲ့၍ ၂၀၁၈ ဒီဇင်ဘာမှစ၍ စောင်ရေ ၂၈၁,၀၂၅ ရှိခဲ့သည်။[8] ဤနှစ်စောင်ကို သီးခြားစီလည်ပတ်ကြ၍ သတင်းသမား၊ အယ်ဒီတာများမှာလည်း မတူကြပေ။[9] သို့ရာ၌ တူညီသော အကြောင်းအရာများ ထည့်သွင်းမှုရှိသည်။

"တယ်လီဂရပ်ဖ်"သည် ထင်ရှားကျော်ကြားသော သတင်းဦးများစွာကို တင်ပြသော ပထမဆုံးသတင်းစာ တစ်စောင်ဖြစ်ရာ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခြင်းများကို တင်ဆက်ဖော်ပြနိုင်ခဲ့သည်။[10] ထို့အပြင် ၂၀၀၉ ၌ ယူနိုက်တက်ကင်းဒမ်းပါလီမန် အမတ်များ၏ အသုံးအဖြုန်းများကို ဖော်ပြခဲ့ရာ၌ လူသိများထင်ရှားလှသည့် နိုင်ငံရေးသမားများနုတ်ထွက်ခြင်းများ ဖြစ်ပေါ်စေခဲ့ရပြီး ယင်းဖော်ပြမှုအတွက် သတင်းစာဆု (The Press Awards) ချီးမြှင့်ခံရသည်။[11] ၂၀၁၆ တွင်လည်း အင်္ဂလန် ဘောလုံးမန်နေဂျာ ဆမ် အလာဒိုက်စ်ကို ပုန်းလျှိုးစစ်ဆေးမှုများအကြောင်းကိုလည်း ပထမဆုံးရေးသားခဲ့သည့် သတင်းစာဖြစ်သည်။[12]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.