အန်ဘီစီသတင်း သည် အမေရိကန် ရုပ်သံလွှင့်ကွန်ရက်အန်ဘီစီ၏ သတင်းဌာနဖြစ်သည်။ ကွန်ကတ်စ် ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သော အန်ဘီစီယူနီဗာဆယ်၏ ဌာနခွဲ "NBCUniversal Television and Streaming" ၏ အောက်၌တည်ရှိသည်။ အန်ဘီစီသတင်းဌာန၏ အကြီးအကဲသည် နိုဝါ အာပန်ဟိုင်း (Noah Oppenheim) ဖြစ်၏ ။[1][2] အန်ဘီစီယူနီဗာဆယ်သတင်းအုပ်စုသည် "အမ်အက်စ်အန်ဘီစီ" (MSNBC) အထွေထွေသတင်းလိုင်း၊ စီးပွားရေးနှင့် သုံးစွဲသူဆိုင်ရာ သတင်းလိုင်းများဖြစ်သော စီအန်ဘီစီ (CNBC) ၊ စီအန်ဘီစီဝါးလ်ဒ် (CNBC World) တို့ကိုလည်း ပိုင်ဆိုင်ထားပြီး စပိန်ဘာသာဖြင့် Noticias Telemundo ရုပ်သံနှင့် ယူကေအခြေစိုက် စကိုင်းသတင်းဌာနကိုလည်း ပိုင်ဆိုင်သည်။[3]

အချက်တိုများ သတင်းဌာနခွဲ, အဓိကပုဂ္ဂိုလ်များ ...
NBC News
Thumb
သတင်းဌာနခွဲအန်ဘီစီ
အဓိကပုဂ္ဂိုလ်များNoah Oppenheim (ဥက္ကဋ္ဌ)
တည်ထောင်ဖေဖော်ဝါရီ ၂၁၊ ၁၉၄၀; ၈၄ နှစ် အကြာက (၁၉၄၀-၀၂-21)
ရုံးချုပ်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ 30 Rockefeller Plaza
အဓိက သတင်းအချက်လက်အဖွဲ့များWest Coast Headquarters, Universal City, California
Governmental Affairs Headquarters
Washington, D.C.
European Headquarters
London] UK
Asia Pacific Headquarters
Singapore, Hong Kong
ဝန်ဆောင်မှုနယ်ပယ်ကမ္ဘာအနှံ့
ရုပ်သံအစီအစဉ်များToday
NBC Nightly News
Meet the Press
Weekend Today
Dateline NBC
Early Today
Today with Hoda & Jenna
ဌာနခွဲများNBC News International
Websitenbcnews.com
ပိတ်ရန်
Thumb
1959–1972 logo

အန်ဘီစီသတင်းသည် ၁၉၄၀ ဖေဖော်ဝါရီ ၂၁ တွင် စတင်လွှင့်ထုတ်ခဲ့၍ နယူးယောက်မြို့တော်ရှိ အန်ဘီစီယူနီဗာဆယ်ရုံးချုပ် "30 Rockefeller Plaza" တွင် ရုပ်သံများကို ထုတ်လုပ်၊ လွှင့်တင်ကြသည်။ အန်ဘီစီသည် အမေရိက၏ နံပါတ်တစ်အဆင့်သတ်မှတ်ခံရသော သတင်းတင်ဆက်ခြင်း အစီအစဉ်[4] NBC Nightly News နှင့် အမေရိကန်သမိုင်းတွင် သက်တမ်းအရင့်ဆုံး ရုပ်မြင်သံကြားအစီစဉ်တွဲဖြစ်သော Meet The Press ၊ တနင်္ဂနွေနံနက် သတင်းရေးရာ တွေ့ဆုံမေးမြန်းခန်း စသည်တို့ကို ထုတ်လွှင့်တင်ဆက်သည်။ ထို့အပြင် အန်ဘီစီ၌ နှစ်ပေါင်း ၇၀ သက်တမ်းရှိ ရှားပါးသော သမိုင်းဆိုင်ရာ ရုပ်သံမှတ်တမ်းများလည်း ရှိ၍[5] အန်ဘီစီယူနီဗာဆယ် မော်ကွန်းများမှ အွန်လိုင်းတွင် ရရှိနိုင်ပေသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.