From Wikipedia, the free encyclopedia
M4 ခေါ် Colt M4 Carbineသည် အမေရိကန် coltလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ် သောကာဘိုင် အမျိုးအစား ဖြစ်ပြီး အမေရိကန် စစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ် အဖြစ် အသုံးပြုသည်။ M-16ရိုင်ဖယ်များအား ကာဘိုင်အဖြစ် ပြန်ပြောင်း ထုတ်လုပ်ရာမှ အစပြုခဲ့ကာ ပိုသေး၊ပိုတိုသော M16A2ချေမှုန်းရေးရိုင်ဖယ် အသွင်ဖြစ်သည်။ M16A2၏ ၈ဝရာခိုင်နှုန်းသော အစိတ်အပိုင်းများကို M4တွင် ပြန်လည် အသုံးပြုထားသည်။
M4/အမ်ဖိုး | |
| |
အမျိုးအစား | ချေမှုန်းရေးရိုင်ဖယ်/ကာဘိုင် |
မူရင်းနိုင်ငံ | အမေရိကန် |
အသုံးပြုသည့်စစ်ပွဲ | အာဖဂန်စစ်ပွဲ၊ ဒုတိယပင်လယ်ကွေ့စစ်ပွဲ
|
ထုတ်လုပ်သူ | Coltလက်နက်ထုတ်လုပ်ရေး |
စတင်ထုတ်လုပ်သည့်နှစ် | ၁၉၉၄
|
ကျည်တောင့် | 5.56x45mm နေတိုး |
ကျည်ထွက်နှုန်း | တစ်မိနစ် ၇၀၀-၉၅၀ |
ကျည်မြန်နှုန်း | ၈၈၄ m/s |
ကျည်ကတ် | အတောင့်၃ဝဝင်
|
အလေးချိန် | ၂.၇-၃.၁kg |
အရှည် | ၇၅၇-၈၃၈mm |
ပြောင်းအရှည် | ၃၆၈mm |
အခြားသော ကာဘိုင်များ ကဲ့သို့ပင် M4သည် သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူသော ကြောင့် အနီးကပ် တိုက်ပွဲများတွင် များစွာ အသုံးဝင်သည့် အပြင် ခြေလျင်တပ်သားမဟုတ်သည့် အရာရှိများ၊ စာရေးများ၊ ယဉ်မောင်းများ ပါအသုံးပြုကြသည်။ ထို့အပြင် M-16 များ ကဲ့သို့ပင် ညကြည့်မှန်ပြောင်း၊ လေဆာပစ်မှတ်၊ လစ်ပစ်ဗုံးပစ် လောင်ချာ၊ Short Gun အပါအဝင် အစိတ်အပိုင်း များစွာ လိုသလို တပ်ဆင် အသုံးပြု နိုင်သည်။ အမေရိကန်နိုင်ငံတွင် United States Special Operations Command (USSOCOM)၊ အထူးတပ်ဖွဲ့ နှင့် Navy Sealsတို့ အဓိက အသုံးပြုလေ့ရှိသည်။ ထို့အပြင် ဩစတြေးလျ အထူးလေတပ် နှင့် မလေးရှား နိုင်ငံတို့မှလည်း ဝယ်ယူ အသုံးပြုလျက် ရှိသည်။
M4A1မှာ M4၏မျိုးကွဲ တစ်မျိုးဖြစ်ပြီး အထူးစစ်ဆင်ရေး များတွင် အသုံးပြုရန် ရည်ရွယ် ထုတ်လုပ် ခြင်းဖြစ်သည်။ အမေရိကန်အထူး စစ်ဆင်ရေး တပ်ဖွဲ့များ အားလုံး နီးပါး အသုံးပြုပြီး အထူးသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များတွင် အဓိက အသုံးပြုသည်။ M4A1၏ ပေါ့ပါးမှုနှင့် ပစ်ခတ်အား ကောင်းမွန်မှု တို့ကြောင့် မြို့ပြစစ်ဆင်ရေး များတွင် တစ်ပန်းသာ စေသည်။ သာမန်M4နှင့် M4A1 တို့နှစ်မျိုးလုံး တွင်ကျည်ဆန် ထွက်နှုန်းအား လိုအပ်သလို ပြောင်းရွှေ့နိုင်သည့် ခလုတ်ပါဝင်သည်။ သို့သော် M4တွင် တစ်တောင့်ခြင်းနှင့် သုံးတောင့်တစ်တွဲ သာပစ်ခတ် နိုင်ပြီး M4A1တွင် တစ်တောင့်ခြင်းရော အတောင့်ပေါင်းများစွာပါ ပစ်ခတ်နိုင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.