ဥက္ကလာဦးစေတီသည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ဥက္ကလာဦးစေတီလမ်း (အ.ထ.က(၂)သင်္ကန်းကျွန်းအနီး) တွင် တည်ရှိသည်။ စေတီတော်၏ပုံတော်မှာ မဟာဗောဓိစေတီပုံစံမျိုး ဖြစ်သည်။ လေးမျက်နှာရှိပြီး နှစ်ကျိပ်ရှစ်ဆူကျောင်းဆင်းတုတော်များမှာ အမြင့်တစ်ပေခန့်ရှိပြီး တင်ပျဉ်ခွေပုံဖြစ်သည်။ ကျောက်သားကို ထွင်းထားပြီး အပြင်မှ မှန်များ ကာရံထားသည်။ ဘုရားဒါယိကာမှာ ဟင်္သာတဆန်စက်ပိုင်ရှင် ဦးဘဦး ဖြစ်သည်။ (၁၉၅၂)ခုနှစ် တွင် တည်ထားကိုးကွယ်သည်။ ဘုရားဒါယိကာ ဦးဘဦးက အဘဘိုးမင်းခေါင် လွှဲအပ်လိုက်သော ယွန်းအုပ်ကို ထိပ်ဆုံးတွင်ငုံပြီး ဌာပနာထားသည်။ [1]

အချက်တိုများ ဥက္ကလာဦးစေတီ, အချက်အလက်များ ...
ဥက္ကလာဦးစေတီ
Thumb
အချက်အလက်များ
တည်နေရာသင်္ဃန်းကျွန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံမြန်မာ
လှူဒါန်းသည့်နှစ်၁၉၅၂
ပိတ်ရန်
Thumb
ဥက္ကလာဦးစေတီဘုရားတကာ ဆန်စက်ပိုင်ရှင် ဦးဘဦး

ဘုရားအနီးတွင် သာသနာ့အလင်းရောင် ဆုတောင်းပြည့်မြတ်စွာဘုရားတည်ရှိပြီး အဘဘိုးမင်းခေါင်တည်ထား ခဲ့သည်ဟူသော ယူဆချက်များလည်း ရှိသည်။ သာသနာ့အလင်းရောင်မြတ်စွာ ဘုရားကို မြေပိုင်ရှင် ဥက္ကာဦးမယ်တော်ကြီး ဒေါ်လှမေ နှင့် သမီးဒေါ်သိန်းလှ သားသမီးမြေးတစ်စုတို့မှ (ဝ.၃၉) ဧက ကျယ်ဝန်းသည့်မြေကို လှူဒါန်းကာ စေတနာရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.