From Wikipedia, the free encyclopedia
အလံဗေဒ (အင်္ဂလိပ်: vexillology၊ /ˌvɛksɪˈlɒlədʒi/) အလံများနှင့် အလံဆိုင်ရာ သင်္ကေတများကို လေ့လာသည့်ဘာသာရပ်ဖြစ်သည်။[1] "Vexillology" ဟူသောဝေါဟာရတွင် "vexillum" ခေါ် ရောမခေတ်စစ်ပွဲသုံးအလံ[2] နှင့် ဂရိအဆုံးစကားလုံးဖြစ်သော "-logy" (လေ့လာခြင်း)[3] တို့ကိုပေါင်းစပ်ထားသည်။ ထိုစကားလုံးကို ၁၉၅၉ တွင် စတင်၍အသုံးပြုခဲ့ကြသည်။[4]
အလံလေ့လာသည့်သူကို "vexillologist"၊ အလံရေးဆွဲသည့်သူကို "vexillographer"၊ ထိုသို့ဒီဇိုင်းဆွဲခြင်းကို "vexillography"၊ ယေဘုယျအားဖြင့် အလံကိုနှစ်သက်သည့်သူကို "vexillophile" ဟူ၍ အသီးသီးခေါ်ဆိုနိုင်သည်။
အလံဗေဒဘာသာရပ်ကို ပထမဆုံးအဓိပ္ပာယ်သတ်မှတ်သူမှာ အလံလေ့လာသူ ဝှစ်တနေ စမစ် (Whitney Smith) ဖြစ်သည်။[5] သူသည် နိုင်ငံတကာ အလံဗေဒ ကွန်ဂရတ် (International Congress of Vexillology (ICV))၊ မြောက်အမေရိက အလံဗေဒအသင်း (North American Vexillological Association)၊ နိုင်ငံတကာ အလံဗေဒဆိုင်ရာ အသင်းအဖွဲ့များ ဖက်ဒယ်ရေးရှင်း (International Federation of Vexillological Associations (FIAV)) စသောအလံဆိုင်ရာ အဖွဲ့အစည်းများကိုဖွဲ့စည်းခဲ့သည်။[6] သူသည် အလံဗေဒဟူသည့် အခေါ်အဝေါ်အကြောင်းကို ရေးသားရာ၌ "အလံအသုံးပြုမှုသည် ရှေးအကျဆုံးသော လူထုအသိုင်းအဝိုင်းကာလကပင် ရှိနေခဲ့သော်လည်း အလံလေ့လာမှုသည် အသစ်အဆန်းဖြစ်နေသောကြောင့် ထိုအလံလေ့လာခြင်း၏ အခေါ်အဝေါ်သည် ၁၉၅၉ မတိုင်မီက ပေါ်ထွန်းခဲ့ခြင်းမရှိသေးပေ" ဟူ၍ရေးသားခဲ့သည်။[7]
အလံလေ့လာမှုသည် စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် အင်တာနက်တစ်ခွင် ပြန့်နှံ့ခဲ့သည်။ သာဓကအားဖြင့် r/vexillology ဟူသော subreddit သည် လူသိများဆုံး အလံလူမှုကွန်ရက်ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.