အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Labour, Immigration and Population; အတိုကောက် MOLIP) သည် ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပြောင်းလဲဖွဲ့စည်းခဲ့သော ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။[1]နောက်ဆုံးဝန်ကြီးမှာ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထားသော ဦးမြင့်ကြိုင်ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[2][3]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၃၀ မတ် ၂၀၁၆ |
ယခင်အဖွဲ့အစည်း | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန |
ဖျက်သိမ်းခြင်း | ၁ ဩဂုတ် ၂၀၂၁ |
အစားထိုးခြင်း | |
ဌာနချုပ် | ရုံးအမှတ် (၄၈)၊ (၅၁)၊ နေပြည်တော် |
ဝက်ဘ်ဆိုက် |
အာဏာသိမ်းမှုဖြစ်ပွားသည့် ၆လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ ဖွဲ့စည်းရာ ဤ ဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြန်လည် ခွဲထုတ်ခဲ့သည်။[4]
ဖွဲ့စည်းပုံ
- လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန
- ပြည်သူ့အင်အား ဦးစီးဌာန
- အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
- လူမှုဖူလုံရေးအဖွဲ့
- အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန
- အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန
ဝန်ကြီးများ
- ဦးသိန်းဆွေ (၃၀ မတ် ၂၀၁၆ - ၁ ဖေဖော်ဝါရီ ၂၀၂၁)
- ဦးမြင့်ကြိုင် (၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁)
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.