From Wikipedia, the free encyclopedia
[1] အခြားမရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြု တတ်သောတရား၊ ပဋ္ဌာန်း ၂၄-ပစ္စည်းတွင် တစ်ပါး၊ အနန္တရပစ္စယော။ [2][3]
(န+အန္တရ) န-မရှိ၊ အန္တရ-အကြား
ရှေ့စိတ်နောက်စိတ် အလယ်အကြားရှိ တရား(စိတ်)တခုကို အန္တရဟု ခေါ်သည်။ အကြား၌ စိတ်တခုမှ မရှိခြင်းကို အနန္တရဟု ဆိုသည်။ ရှေးရှေးစိတ်သည် မိမိချုပ်ပျောက်ပြီးနောက် နောက်စိတ်ပေါ်လာစေနိုင်သော သတ္တိအစွမ်းရှိ၏။ ထိုသို့ ဖြစ်စေရာ၌လည်း မည့်သည့်စိတ်မဆို ဖြစ်ရင်ပြီးရောမျိုး မဟုတ်ပဲ စိတ္တနိယာမအတိုင်း စက္ခုဝိညာဏ်က သမ္ပဋိစ္ဆိုန်း, သမ္ပဋိစ္ဆိုန်းပြီးက သန္တီရဏပေါ်လာအောင် ရှေးရှေးစိတ်က နောက်နောက်စိတ်ပေါ်လာအောင် ကျေးဇူးပြုကြသည်။ ထိုသို့ဖြစ်ခြင်းသည် ရှေ့စိတ်အစွမ်းကြောင့်သာ ဖြစ်၍ ရှေ့စိတ်ကိုသာ အနန္တရ သတ္တိဟု ဆို၏။
(သံ-အနန္တရ) သံ-အလွန်ကိုယ်မှ၊ အနန္တရ-အကြားမရှိ
ရုပ်တရား၌ ကလာပ်တစ်ခုနှင့် တစ်ခုအကြား အာကာသအကြား ရှိ၏။ နာမ်တရား၌ကား စကားအရ ရှေ့စိတ်နောက်စိတ် နှစ်မျိုးခွဲပြောရသော်လည်း ရှေ့စိတ်၏ဘင်ကာလနှင့် နောက်စိတ်၏ ဥပါဒ်ကာလအကြား အပြတ်အကြားကာလ မရှိသဖြင့် တစိတ်တည်းလိုပင် ထင်ရလေသည်။ ထိုသို့ တစိတ်တည်းဟု ထင်မှတ်ရလောက်အောင် အကြားမရှိပဲ ဖြစ်စေနိုင်စွမ်းသတ္တိကို သမနန္တရဟု ဆိုသည်။
အနန္တရနှင့် သမနန္တရသည် အကြောင်းတရား အကျိုးတရား ကောက်ပုံယူဆပုံ လုံးဝတူသော်လည်း တရားနာသူများ ပိုမိုနားလည်စေရန် ထပ်၍ ဟောပြခြင်း ဖြစ်သည်။ (အဋ္ဌကထာ)
အရှင်ရေဝတဆရာအလိုအားဖြင့် ပရမတ်တစ်ပါး မခြားခြင်းသည် အနန္တရ၊ ကာလမခြားခြင်းသည် သမနန္တရဟု ဆိုသည်။ ဥပမာ-စက္ခုဝိညာဏ်၏ ဘင်နှင့် သမ္ပဋိစ္ဆိုန်း၏ ဥပါဒ်အကြား ပရမတ်မခြားပဲ စက္ခုဝိညာဏ်က သမ္ပဋိစ္ဆိုန်းပေါ်လာအောင် ကျေးဇူးပြုခြင်းသည် အနန္တရသတ္တိ အစွမ်းဖြစ်သည်။
စက္ခုဝိညာဏ်၏ ဘင်ခဏပြီးလျှင် ကာလမခြားပဲ သမ္ပဋိစ္ဆိုန်းပေါ်လာအောင် ကျေးဇူးပြုခြင်းသည် သမနန္တရသတ္တိ အစွမ်းဖြစ်သည်။
အနန္တရသည် စကြာမင်းနတ်ရွာစံခြင်းနှင့်တူ၏။ သမနန္တရသည် စကြာမင်းတောထွက်ခြင်းနှင့်တူ၏။ စကြာမင်းမရှိခြင်းသည် သားကြီးမင်းဖြစ်ဖို့ အကြောင်းဖြစ်သည်။ ထို့အတူ ရှေ့စိတ် မရှိတော့ခြင်းသည် နောက်စိတ် ပေါ်လာခြင်း၏ အကြောင်းဖြစ်သည်။ စကြာမင်းသည် တောထွက်၍ မရှိခြင်းလည်း ဖြစ်နိုင်သည်။
နတ်ရွာစံ၍ မရှိခြင်းလည်းဖြစ်နိုင်သည်။ ဘာကြောင့်ပဲ စကြာမင်းမရှိရှိ, သားကြီးသည် မင်းဖြစ်ရတော့သည်။ သို့သော် နတ်ရွာစံခြင်းကြောင့် သားကြီးမင်းဖြစ်ရခြင်းက ပို၍ လေးနက်၍ ရှေးဆရာတို့က အနန္တရသည် စကြာမင်း တောထွက်ခြင်းနှင့်တူ၍၊ သမနန္တရသည် စကြာမင်းနတ်ရွာစံခြင်းနှင့်တူ၏ဟု ရှေးဆရာတို့ ဥပမာ ပြောင်းပြန် ဆိုကြ၏။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
ရဟန္တာတို့၏ စုတိကြဉ်သော
ရှေးရှေးစိတ် ၈၉၊စေ ၅၂ |
ရဟန္တာတို့၏ စုတိနှင့်တကွ
နောက်နောက်စိတ် ၈၉၊စေ ၅၂ |
ရုပ်တရားအားလုံး |
ဝီထိဖြစ်စဉ် ကြည့်ပြီး ရှေ့စိတ်သည် ပစ္စည်း၊ နောက်စိတ်သည် ပစ္စယုပ္ပန် စသည်ဖြင့် ခွဲပါ။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်ဘက်စေတသိက်သည် ပစ္စည်း, စက္ခုဝိညာဏ်နှင့် ယှဉ်ဘက်စေတသိက်သည် ပစ္စယုပ္ပန်။ ပထမတဒါရုံသည် ပစ္စည်း, ဒုတိယတဒါရုံသည် ပစ္စယုပ္ပန်၊ ဒုတိယတဒါရုံသည် ပစ္စည်း, ပထမဘဝင် သည် ပစ္စယုပ္ပန်။ ပထမဘဝင်သည် ပစ္စည်း, ဒုတိယဘဝင်သည် ပစ္စယုပ္ပန်။ နိရောဓသမာပတ်အခါ သမာပတ်မဝင်စားမှီ နေဝသညာနာသညာယတန ကုသိုလ်/ကြိယာဇောသည် ပစ္စည်း, သမာပတ်မှ ထသော အခါ အနာဂါမိဖိုလ်ဇော / အရဟတ္ထဖိုလ်ဇောသည် ပစ္စယုပ္ပန်၊ ရှေ့ဘဝ စုတိစိတ္တုပ္ပါဒ်သည် ပစ္စည်း, ဤဘဝ ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန်၊ အသညသတ်ဘုံသို့ မရောက်မှီ ကာမဘုံ၌ စုတိသည် ပစ္စည်း, အသညသတ်ဘုံမှ စုတေ၍ တဖန် ကာမဘုံ၌ ဖြစ်ပေါ်သော ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန် ဟု သိပါ။
ဘဝကိုဖြစ်သော တဏှာမရှိတော့၍ စုတိပြီးနောက် ပဋိသန္ဓေစိတ် ဖြစ်ပေါ်စေနိုင်သော အနန္တရသတ္တိ မရှိသဖြင့် မပါဝင်တော့ပေ။
သင်္ဂြိုဟ်ဝီထိပိုင်းတွင် မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌောဟုခေါ်သည်။ ဤနေရာတွင် တဒါရုံ, ဘဝင်, ပဉ္စဝိညာဏ်, စုတိ ၄-မျိုးကို ဝုဋ္ဌောဟု ခေါ်သည်။
ဇဇဇဇဇ စုတိ၊ (အသညသတ်သက်တမ်း ကမ္ဘာငါးရာ)၊ ပဋိသန္ဓေစိတ် ဘဝင် ဘဝင်
ဝဝဝ အကြောင်းဝိပါက် ဝဝဝ အကျိုးဝိပါက်
ကာမစုတိ၏ အသညသတ်ဘဝခြားပြီးမှ ကာမပဋိသန္ဓေအား ကျေးဇူးပြုပုံမှာ ပါဠိတော် သီးခြားမရှိ၊ “ပုရိမာပုရိမာ ဝိပါကာဗျာကတာ ကြိယာဗျာကတာခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ခန္ဓာနံ ဝိပါကာဗျာကာနံ ကြိယာဗျာကတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော”ဟူသော ပါဠိတော်၌ပင် ပါဝင်ပါသည်။
ပြုလုပ်ဖန်ဆင်းမှုတို့နှင့် မဆက်စပ်ပဲ ဓာတ်သဘာဝအလျောက် အမှန်အမြဲ မလွှဲမပြောင်း သူ့အကြောင်းသူ့အကျိုး သူ့အနွယ်နှင့် သူ့အမျိုး အရိုးမပျက် အစဉ်မပျက် အဆက်ဆက် ဖြစ်ပွားနေမှုကို နိယာမတရားဟု ဆိုသည်။ [4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.