From Wikipedia, the free encyclopedia
အင်န်တီလော့ခ် ဘရိတ် စနစ် (anti-lock braking system) သို့မဟုတ် အေဘီအက်စ် ဆိုသည်မှာ ဘရိတ်အုပ်သည့် အချိန်တွင် ဘီးကို မလည်တော့ဘဲ ရပ်တန့် သွားခြင်း မှ တားဆီးပေးသော စနစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ချောနေသော လမ်းပေါ်တွင် ဘရိတ်အုပ်ပါက ယာဉ်ကို စလစ် ဖြစ်၍ ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားစေခြင်းမှ အကာအကွယ်ပေးထားသည်။
အင်န်တီလော့ခ် ဘရိတ်စနစ် တပ်ဆင်ထားခြင်းကြောင့် ယာဉ်ကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီး ခြောက်သွေ့နေသော မျက်နှာပြင် ပေါ်နှင့် ချောနေသော မျက်နှာပြင်တို့တွင် ရပ်တန့်ရန် လိုအပ်သော အကွာအဝေးကို လျော့ချပေးသည်။ ကျောက်စရစ်ခဲ သို့မဟုတ် နှင်းဖြင့် ဖုံးလွှမ်းနေသော မျက်နှာပြင်ပေါ်တွင်မူ ရပ်တန့်ရန် လိုအပ်သည့် အကွာအဝေးပိုများစေသော်လည်း ယာဉ်အား ထိန်းချုပ်နိုင်မှုမှာ ပိုမိုကောင်းမွန်လာစေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.