သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်က နှစ်စဉ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသော်လည်း ယမန်နှစ်များအတွင်း ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်သာခေါ်ယူခဲ့သည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) | |
University of Dental Medicine, Yangon | |
အာရောဂျံ ပရမံ လာဘံ | |
Dentists:Competency and Community Oriented | |
ပြည်သူ့အတွက်ထက်မြတ်ကျွမ်းကျင် သွားဆရာဝန် | |
သွားကောလိပ် | |
| |
တည်ထောင်ခုနှစ် | ၁၉၆၄ |
ပါမောက္ခချုပ် | ဒေါက်တာရွှေတိုး၊ |
ဘွဲ့ကြို | ~၁၀၀၀ ယောက် |
ဘွဲ့လွန် | ~၅၀ ယောက် |
တည်နေရာ | သွပ်ဝိုင်းကြီးရပ်ကွက်၊သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
ပိုင်ဆိုင်မှု | ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန |
အဖွဲ့အစည်း | ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန |
ဝဘ်ဆိုတ် | UDM Yangon |
သမိုင်းကြောင်း
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)ကို သွားဖက်ဆိုင်ရာဆေးပညာကျောင်းအနေဖြင့် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာန လက်အောက်ခံအဖြစ် စတင်ခဲ့သည်။ ၁၉၆၄ တက္ကသိုလ်များ အက်ဥပဒေအရ သွားဘက်ဆိုင်ရာဆေးကောလိပ် အဖြစ် ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် အနီးတွင် ဖွင့်လှစ်ခဲ့ပြီး သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (Bachelor of Dental Surgery - BDS)ကို ပေးအပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) မဖွင့်လှစ်မီ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အဖြစ် တည်ရှိခဲ့သည်။ သွားဘက်ဆိုင်ရာဆေးပညာကောလိပ်ကို ၁၉၉၇ ခုနှစ်မှစ၍ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းတွင် ကျောင်းဝင်းအသစ်နှင့် ပြောင်းရွှေ့ခဲ့ရာ အဆောက်အဦအသစ်များ၊ ဆေးပညာရပ်အသစ်များ၊ ကျွမ်းကျင်သောသွားဆရာဝန်အသစ်များဖြင့် ၂၀၀၃ ခုနှစ်တွင် ပြည့်စုံသောတက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။
၃ ထပ်အဆောက်အအုံသစ်နှင့် ကုတင် ၅၀ ဆံ့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုသသင်ကြားရေးဆေးရုံကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ဘွဲ့ကြိုသင်တန်းများသင်ကြားခြင်းသာမက အထွေထွေ သွားဘက်ဆိုင်ရာဒီပလိုမာ ကဲ့သို့သော ဘွဲ့လွန်သင်တန်းများလည်း သင်ကြားပို့ချလျက်ရှိသည်။ ယခင်ကျန်းမာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ၂၀၀၂ ခုနှစ်မှစ၍ ပါရဂူဘွဲ့များကိုသင်ကြားပို့ချပေးနိုင်ခဲ့သည်။ ထို့အပြင် သွားဘက်ဆိုင်ရာဆေးပညာ၏ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၀၀-၂၀၁၂ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အတည်ပြုမှုဖြင့် စတင်သင်ကြားပေးခဲ့သည်။
ပေးအပ်သောဘွဲ့များ
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) မှ ပေးအပ်သော ဘွဲ့များမှာ သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ (BDS)၊ မဟာဘွဲ့ (MDSc) နှင့် ပါရဂူဘွဲ့ (DrDSc)များဖြစ်ကြပြီး ဒီပလိုမာဘွဲ့များအနေဖြင့် သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ (DipDSc) နှင့် သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ (DDT) တို့ဖြစ်သည်။[1]
ဘွဲ့ | သင်တန်းကာလ |
---|---|
သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ | ၆နှစ် |
သွားဖက်ဆိုင်ရာဆေးပညာမဟာဘွဲ့ | ၂ နှစ် |
သွားဖက်ဆိုင်ရာဆေးပညာပါရဂူဘွဲ့ | ၃ နှစ် |
သွားဖက်ဆိုင်ရာဆေးပညာဒီပလိုမာ | ၁ နှစ် |
သွားဖက်ဆိုင်ရာနည်းပညာဒီပလိုမာ | ၃ နှစ် |
သင်ကြားရသောဘာသာရပ်များ
ပထမနှစ် B.D.S
- သတ္တဗေဒ
- ရုက္ခဗေဒ
- ဓာတုဗေဒ
- ရူပဗေဒ
- သင်္ချာ
- အင်္ဂလိပ်စာ
- မြန်မာစာ
ဒုတိယနှစ် B.D.S
- ခန္ဓာဗေဒ
- ဇီဝကမ္မဗေဒ
- ဇီဝဓာတုဗေဒ
- ခံတွင်းဇီဝဗေဒသိပ္ပံပညာ
တတိယနှစ် B.D.S
- ရောဂါဗေဒ
- အဏုဇီဝဗေဒ
- ဆေးဝါးဗေဒ
- သွားရောဂါကုပညာ (အငယ်တန်း)
- သွားတုဆေးပညာ
စတုတ္ထနှစ် B.D.S
- အထွေထွေဆေးပညာ
- အထွေထွေခွဲစိတ်ပညာ
- ခံတွင်းဆေးပညာနှင့် ခံတွင်းမျက်နှာနှင့် မေးရိုးခွဲစိတ်ကုပညာ
- သွားဖုံးရောဂါကုပညာ
- ကလေးသွားကျန်းမာရေးပညာ
- သွားညှိကုသပညာ
- သွားရောဂါကုပညာ
- သွားတုဆေးပညာ
- ကာကွယ်ရေးနှင့်လူမှူရေးဆေးပညာ
- ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာ
နောက်ဆုံးနှစ် B.D.S
- မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်ကုပညာ
- မေးရိုးနှင့်ခံတွင်းဆေးပညာ
- သွားရောဂါကုပညာ
- သွားတုဆေးပညာ
- သွားဖုံးရောဂါကုပညာ
- ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာ
- ကလေးသွားကျန်းမာရေးပညာ
- သွားညှိကုသပညာ
အလုပ်သင်ဆရာဝန်
- နောက်ဆုံးနှစ်ဘာသာရပ်များအားလုံး
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.