သမ္ဘူလ

From Wikipedia, the free encyclopedia

သမ္ဘူလ (တိလောကဝဋံသိကာ, ဦးဆောက်ပန်း) သည် ပုဂံခေတ် ကျန်စစ်သားမင်း၏ မိဖုရားခေါင် ဖြစ်သည်။ [မဏိစန္ဒာ]]မင်းသမီးအ‌ရေးနှင့်ပတ်သက်၍ အနော်ရထာမင်းကြီးသည် ကြီးစွာအမျက်ထွက်သဖြင့် ကျန်စစ်သားထွက်ပြေးစဉ် သမ္ဘူလနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ကာ ရာဇကုမာရ်ကို မွေးဖွားခဲ့သည်။ အနော်ရထာမင်းနတ်ရွာစံပြီးနောက် သားတော်စောလူးမင်းနန်းတက်၏။ ထိုအခါ မှူးမတ်တို့၏ ပန်ကြားချက်အရ ကျန်စစ်သားကို နန်းတော်သို့ ပြန်လည်ခေါ်ယူခဲ့လေသည်။ ကျန်စစ်သားက အဖိုးအနဂ္ဃထိုက်တန်သော လက်စွပ်ကို သမ္ဘူလအား ပေးခဲ့၏။ သမီးမိန်းကလေးမွေးသော် ဤလက်စွပ်ကို ထုခွဲရောင်းချစားသောက်လေ။ သားယောက်ျားလေးမွေးသော် ဤလက်စွပ်နှင့်တကွ နန်းတော်သို့ လိုက်လာခဲ့လေဟု အမှာထားခဲ့၏။ ကျန်စစ်သားနန်းတက်၍ နှစ်နှစ်ကြာသော် သမ္ဘူလလည်း သားငယ်လက်ကိုဆွဲ၍ လက်စွပ်နှင့်တကွ နန်းတော်သို့လိုက်လာ၏။ ကျန်စစ်သားလည်း သမ္ဘူလကို 'ဦးဆောက်ပန်း' အမည်ပေး၍ မိဖုရားမြှောက်လေ၏။ သားတော်ကို ဇေယျခေတ္တရာ' ဟူသောအမည်နှင့် ရခိုင်ပြည်ဘက်ရှိ တောင်စဉ်ခုနှစ်ခရိုင် စားစေ၏။[][][]:156

အချက်တိုများ သမ္ဘူလ, မိဖုရားခေါင် ...
သမ္ဘူလ
မိဖုရားခေါင်
နန်းသက်c. ၁၁၀၀ ဆယ်စုနှစ်–၁၁၁၂
ရှေ့မင်းဆက်အပယ်ရတနာ
ဆက်ခံသူရတနာပုံ
မွေးဖွားc. ၁၀၆၀ ဆယ်စုနှစ်
ကြောင်ဖြူ
ကွယ်လွန်?
ပုဂံ
အိမ်ထောင်ဖက်ကျန်စစ်သား
သားသမီးများရာဇကုမာရ်
အမည် အပြည့်အစုံ
Thumb
တြိလောကဝဋံသကာဒေဝဳ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ပိတ်ရန်

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.