ဒီဇိုင်နာမှာ Henry Hoyne-Fox ဖြစ်သည်။ From Wikipedia, the free encyclopedia
ဝန်ကြီးများရုံးသည် ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုများ ဆောင်ရွက်ရာ ရုံးအဖြစ်တည်ရှိခဲ့ပြီး ရန်ကုန်မြို့လယ်ဧရိယာတွင် တည်ရှိသည်။ [1]ဝန်ကြီးများရုံးကို ၁၈၀၀ ခုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၂၀ မျှ ရှိနေပြီ ဖြစ်သည်။ ဝန်ကြီးများရုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရသော နေရာလည်းဖြစ်သည်။ အဆိုပါဝန်ကြီးများရုံးသည် လက်ရှိတွင် ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင်ပါဝင်ပြီး ယခုအခါအကြီးစား ပြန်လည်မွန်းမံမှုများ ပြုလုပ်နေပြီဖြစ်သည်။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် တည်ဆောက်ထားသည်။[2]
ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) | |
---|---|
၁၉၀၀ ခုနှစ်အစောပိုင်း အတွင်းဝန်ရုံး | |
တည်နေရာ | ဗိုလ်တထောင်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | 16°46′32″N 96°9′57″E |
တည်ဆောက် | ၁၉၀၅ |
ရွေးချယ်သတ်မှတ်ခြင်း | ၁၉၉၆ |
ပင်မဆောင်ကို ၁၉၀၂ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး အရှေ့ဘက်နှင့် အနောက်ဘက် အဆောက်အအုံများကို ၁၉၀၅ တွင် တည်ဆောက်ပြီးစီးခဲ့ရာ စုစုပေါင်း မြန်မာကျပ်ငွေ ၂.၅ မီလီယံမျှ ကုန်ကျခဲ့သည်။ [3] ၁၉၇၂ ခုနှစ်ထိ ထိုအဆောက်အအုံအား အတွင်းဝန်များရုံးဟု သုံးနှုန်းခဲ့သည်။ [3]
၂၀၁၁ ခုနှစ်တွင် အမျိုးသားရေးဆွေးနွေးဝိုင်းများအကြားတွင် ကိုလိုနီခေတ် အဆောက်အဦများအား ခရီးသွားများ ဆွဲဆောင်ရာနေရာများအဖြစ် ပြောင်းလဲရန် ဆွေးနွေးခဲ့ကြရာ ဝန်ကြီးများရုံးကိုလည်း ဟိုတယ်မဟုတ်ပဲ ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲရန် စမ်းသပ်အစီအစဉ်များဖြင့် လုပ်ဆောင်ခဲ့ကြသည်။ [4]
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် ပြည်ပကုမ္ပဏီ ၃ ခုတို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဝန်ကြီးများရုံးအား ဟိုတယ်နှင့် ပြတိုက်အဖြစ် ပြုလုပ်ရန် အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။ [5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.