လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ လှိုင်သာယာမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက် ရန်ကုန်မြစ်တလျှောက်တွင် အင်းစိန်မြို့နယ်မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။

အချက်တိုများ လှိုင်သာယာမြို့နယ်, နိုင်ငံ ...
လှိုင်သာယာမြို့နယ်
Thumb
လှိုင်သာယာအ​ရှေ့ပိုင်း (အပြာ)၊ လှိုင်သယာအ​နောက်ပိုင်း (အစိမ်း)
Thumb
လှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°51′0″N 96°4′0″E
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်အင်းစိန်
စာပို့သင်္ကေတ၁၁၄၀၁၊ ၁၁၄၀၂
ပိတ်ရန်

လှိုင်သာယာဟူသောအမည်မှာ ရန်ကုန်မြို့နှင့် မြို့တည်နေရာကို ခြားထားသော လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်တို့မှ ပေါများခြင်း၊ စည်ပင်ခြင်းအဓိပ္ပာယ်ရှိသော လှိုင်နှင့် မြို့သစ်မတည်မီကရှိခဲ့သော သာယာကုန်းကျေးရွာမှာ သာယာခြင်း ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ရှိသော သာယာတို့ကို ပေါင်းဖတ်၍ ပေးခဲ့ခြင်းဖြစ်သည်။[1]

လှိုင်သာယာမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုနှင့် ကျေးရွာစု (၉)စုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၀)ခုနှစ်ပိုင်းတွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် အတိုးတက်ဆုံးမြို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကြီးဆုံးစက်မှုဇုံဖြစ်သော လှိုင်သာယာစက်မှုဇုံပဒေသာပင်မြို့တော်အိမ်ရာနှင့် ပန်းလှိုင်အိမ်ရာတို့ ဤမြို့နယ်တွင် တည်ရှိသည်။ ဤမြို့နယ်သည် တွံတေးမြို့နယ်နှင့် ပန်းလှိုင်တံတားဖြင့် ဆက်သွယ်ထားပြီး အခြားမြို့နယ်များနှင့် အောင်ဇေယျတံတားဘုရင့်နောင်တံတား(၁)ဘုရင့်နောင်တံတား(၂)တို့ဖြင့် ဆက်သွယ်ထားသည်။

အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းရှိသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်-WYTU သည် ဤမြို့နယ်တွင် တည်ရှိသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.