လစ်စဘွန်းမြို့ From Wikipedia, the free encyclopedia
၁၄၉၇ ခုနှစ်တွင် ဗာစကိုဒဂါးမားသည် ဥရောပ တိုက်မှနေ၍ ရွက်သင်္ဘောဖြင့် အာဖရိကတိုက်ကို လှည့်ပတ်ကာ အိန္ဒိယ နိုင်ငံသို့သွားရာဖြစ်သော ရေလမ်းခရီးကို ရှာဖွေတွေ့ရှိခဲ့သည်ကို လူတိုင်းပင် သိရှိကြပေသည်။ ထိုပုဂ္ဂိုလ်စတင်ခရီးထွက်ရာမြို့ကား လစ္စဗွန်မြို့ပင်ဖြစ်၏။ စပိန်လူမျိုးတို့ ပထမအယ်လစ်ဇဗက်ဘုရင်မကို အန်တု၍ အင်္ဂလန်ပြည်ကို သိမ်းယူရန်အာမာဒါခေါ်ရေတပ်ကြီးနှင့် ချီတက်စဉ်ကလည်း လစ္စဗွန်မြို့မှပင် စတင်ချီတက်ခဲ့ကြသည်။ လစ္စဗွန်မြို့သည် ရှေးပဝေဏီအခါက ဖီနီရှန်လူမျိုး တို့စတင် တည်ထောင်ခဲ့သော မြို့တစ်မြို့ဖြစ်၍ ရောမလူမျိုးများက ထိုမြို့ကို တိုက်ခိုက်သိမ်းယူခြင်းမပြုမီကပင် စည်ကားလျက်ရှိခဲ့ပေသည်။ ၇၁၁ ခုနှစ်မှ ၁၁၄၇ ခုနှစ်တိုင်အောင် ထိုမြို့မှာ မူးဝါးလူမျိုး တို့လက်အောက်သို့ ကျရောက်ခဲ့ရ၏။
၁၁၄၇ ခုနှစ်တွင် တရီးဇားမိဖုရား၏ သားတော်
ပေါ်တူဂီမင်းသား ပထမအယ်လဖုန်းဆိုးသည်
လစ္စဗွန်မြို့ကို မူးဝါးလူမျိုးတို့လက်မှ တိုက်ခိုက်
သိမ်းပိုက် အောင်မြင်ရာတွင် ထိုမြို့သည်လည်း
ပေါ်တူဂီနိုင်ငံ၏မြို့တော် ဖြစ်လာလေသည်။
လစ္စဗွန်မြို့သည် တေးဂပ်မြစ်ကမ်းပေါ်တွင်ရှိ၍ အတ္တလန္တိတ်
သမုဒ္ဒရာနှင့် ကိုးမိုင်ခန့်ကွာဝေးသည်။ ပေါ်တူဂီနိုင်ငံ၏
မြို့တော်ဖြစ်သည် သာမက ဥရောပတိုက်တစ်ခုလုံးတွင်
အနောက်ဘက်အကျဆုံး ပင်လယ်ဆိပ်
ကမ်း မြို့ကြီးတစ်မြို့လည်းဖြစ်၍ ထင်ရှားသည်။
တေးဂပ်မြစ်သည် လစ္စဗွန်မြို့အလွန်တွင် ကျယ်ဝန်းသော
ရေအိုင်ကြီးသဖွယ်ဖြစ်ပေါ်လျက်ရှိ၏။ ၁၁ မိုင်မျှ
ရှည်လျားလျက် လေးမိုင်မှ ရှစ်မိုင်အထိကျယ်ဝန်း၏။ သို့ဖြစ်၍
လစ္စဗွန်မြို့သည် ကမ္ဘာတစ်ဝန်းလုံးတွင် အကောင်းဆုံး
သင်္ဘောဆိပ်ကမ်း တစ်ခုအဖြစ်ထင်ရှားခဲ့ပေသည်။
သင်္ဘောဆိပ်များသည် မြောက်ဘက်ကမ်းခြေ
တစ်လျှောက်ငါးမိုင်မျှရည်လျား၏။ ထိုဆိပ်ကမ်း
ဒေသများမှနေ၍ မျှော်ကြည့် လိုက်လျှင်လည်း ဖြူနေသော
တိုက်တာအိမ်ရာများ၊ စိမ်းလဲ့လဲ့ သစ်ပင်
များ၊ အုံ့ဆိုင်းညိုမှိုင်းလျက်ရှိသော လမ်းကြီးများသည်
နှမ်းဖတ်ကျောက် အတိပြီးသော 'ဆင်တြာ' ခေါ်
တောင်တန်းကြီးများကို နောက်ခံပြုလျက်
အဆင့်ဆင့် အသွယ်သွယ် တည်ရှိလျက်နေသည်မှာ
လစ္စဗွန်မြို့၏ သဘာဝ အလှကို ကူညီဖြည်းစွမ်းနေသည့်ပမာ
တူလှသည်။
လစ္စဗွန်မြို့သည် ယုခခေတ်၌ ပြန်လည်ဆောက်လုပ်
ထားသော မြို့ဖြစ်၏။ ၁ရ၅၅ ခုနှစ်က အကြီးအကျယ်
တုန်လှုပ်သော မြေငလျင်၏ ဒဏ်ကြောင့်
မြို့သူမြို့သားသုံးသောင်းကျော်မျှ အသက်ဆုံးရှုံးခဲ့ပြီးလျှင်
မြို့တစ်မြို့လုံးလိုလိုပင် ပျက်စီးခဲ့ဖူးရာ မြို့တော်ဟောင်း၏
သေးငယ်သော အစိတ်အပိုင်းမျှသာ အကောင်းကျန်ရစ်ခဲ့၏။
သို့သော်လည်း ရှေးခေတ်၏ စိတ်ဝင်စားဖွယ်ရာ
အဆောက်အအုံများကိုမူကား ထိုကြွင်းကျန်သော ရပ်
ကွက်၌ပင် တွေ့မြင်နိုင်သေးသည်။ ဘုရားရှိခိုး
ကျောင်းကြီးမှာ ၁၁၅ဝ ပြည့်နှစ်ကပင် တည်ဆောက်ပြီး
စီးခဲ့သော အဆောက်အအုံကြီးဖြစ်၏။
ထိုကျောင်းကြီးထဲတွင် စိန်ဗင်းဆင့်ဘုန်းတော်ကြီး၏
သင်္ချိုင်းဂူကို ယခုတိုင် တွေ့မြင်နိုင်၏။ ကျောင်းဝင်းထဲ၌
တောကျီးကန်း ငှက်မောင်မယ်တစ်စုံကို တွေ့မြင်နိုင်၏။
ထိုငှက်မောင်မယ်ကား သုံးရာစုနှစ်များအတွင်းက ဘုန်း
တော်ကြီး၏ သင်္ဘောကို လစ္စဗွန်မြို့သို့ ရောက်အောင်
ရှေ့ဆောင်လမ်းပြကာ ခေါ်ယူခဲ့ကြသော ငှက်တို့မှ
ဆင်းသက်ပေါက်ပွားလာကြသော ငှက်မောင်
မယ်ဖြစ်သည် ဟုအဆိုရှိ၏။
လစ္စဗွန်မြို့တွင်းရှိလမ်းများသည် ကျယ်ဝန်းဖြောင့်တန်း၏။
အထူး သဖြင့် လွတ်လပ်ရေးရိပ်သာ လမ်းမကြီးကား
အကျယ်ပေသုံးရာမျှရှိလျက် အလျားတစ်မိုင်မျှရှည်လျား
သည့်ပြင် လမ်းမကြီး၏အလယ်တွင် အရိပ်
ဆာယာကောင်းမွန်လှသော သစ်ပင်တန်းကြီးနှစ်တန်းဖြင့်
အလွန်ပင်လှပတင့် တယ်လှပေ၏။ ဤလမ်းကို
လွတ်လပ်ရေးရိပ်သာဟု ခေါ်တွင်ရသည်မှာ
၁၆၄ဝ ပြည့်နှစ်က ပေါ်တူဂီနိုင်ငံသည် စပိန်တို့
လက်အောက်မှ လွတ်မြောက်ခဲ့ခြင်းကိုအထိမ်းအမှတ်ပြု၍
မှည့်ခေါ်ထားခြင်းဖြစ်၏။ လစ္စဗွန်မြို့၏
ပန်းဥယျာဉ်မှာ ဥရောပတိုက်၌အလှပဆုံးဥယျဉ်
တစ်ခုဖြစ်လေသည်။
မြို့ထဲ၌ ဆေးဆိုးလုပ်ငန်း၊ ပိုးထည်သိုးမွေးထည်၊
ဝါဂွမ်းထည်များရက်လုပ်သည့်လုပ်ငန်း၊ အိုခွက်လုပ်ငန်း၊
ဆပ်ပြာလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ဓာတ်သတ္တုဆိုင်ရာလုပ်ငန်း၊
ဘိလတ်မြေလုပ်ငန်း၊ ဖော့ဆို့လုပ်ငန်းနှင့် စည်သွပ်
အစားအသောက်လုပ်ငန်းများရှိကြ၏။
လစ္စဗွန်မြို့သည် ကြီးကျယ်စည်ကားသော မီးရထားလမ်း
ဗဟိုဌာနလည်းဖြစ်၏။ ထိုမြို့၏ ငါးဖမ်းခြင်းလုပ်ငန်း
သည်အထူးကြီးကျယ်ပေသည်။
လူဦးရေမှာ ၁၉၆၆ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ
၈၂၅၈ဝဝ ယောက် ခန့်ဖြစ်သည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.