Remove ads
From Wikipedia, the free encyclopedia
ရှင်မျှော်တောင်စေတီတော် (ရှင်မော်တောင်စေတီဟုလည်း ခေါ်) သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ၅၂ မိုင်အကွာတွင် တည်ရှိသည့် လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာတွင် တည်ရှိသည်။[1]
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ် ၂၂၀ အကြာတွင် ဘောဂဝတီနဂါးပြည်၌ မြတ်စွာဘုရား၏ လက်ယာအံတော်ကို ကိုးကွယ်ထား၏။ နဂါမင်း၏ တူတော်စပ်သူ ဝသုလဒေဝသည် နဂါးပြည်မှ ထိုအံတော်ကို ယူဆောင်လာခဲ့ကာ ရှင်မျှော်တောင်ရှိ လင်းလွန်းပင်ကြီးတစ်ပင်၏ ခွကြား၌ ဝှက်ထားခဲ့သည်။[1]
မဟာဗန္ဓဝ၊ စူဠဗန္ဓဝ ရဟန္တာညီနောင်နှစ်ပါးတို့၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည် (ကလိန်အောင်ရွာ) မှ ဓမ္မသေနမင်း၊ နဂါးမင်းကြီးတို့သည် သုံးပါးစုံညီစွာ အံတော်အား အထူးထူးအပြားအပြား ပူဇော်ပြီး အဖိုးတန်ရတနာများကို ဌာပနာကာ သက္ကရာဇ် ၂၃၈ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရှင်မျှော်တောင်စေတီတော်ကို တည်ခဲ့သည်။[1]
မှတ်တမ်းများအနေဖြင့် သက္ကရာဇ် ၅၁၇ တွင် ပုဂံပြည်မှ အလောင်းစည်သူမင်း၊ ၅၅၆ တွင် နရပတိစည်သူမင်း၊ ၈၅၀ တွင် ဒေဝီမြို့မင်းသီလတို့သည် စေတီတော်သို့လာရောက်ကာ ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီငယ်များတည်ခြင်း စသည့်ကုသိုလ်အဖို့အစုစုကို ပြုလုပ်ခဲ့ကြသည်။[1]
ရှင်မျှော်တောင်စေတီတော်တွင် အံ့ဖွယ်ခြောက်ဖြာ ရှိသည်။ ၎င်းတို့မှာ -[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.