ရွှေတန်ချိန် ၅.၅ တန်ဖြင့်သွန်းလုပ်ထားသော ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဗုဒ္ဓဆင်းတုတော် From Wikipedia, the free encyclopedia
ဗုဒ္ဓမဟာသုဝဏ္ဏပဋိမာကရရုပ်ပွားတော် (ထိုင်း: พระพุทธมหาสุวรรณปฏิมากร; ထိုင်း: Buddhamahāsuvaṇṇapaṭimākara) ဘွဲ့ရှိသော ရွှေဆင်းတုတော် သည် ရွှေဖြင့်ပြုလုပ်ထားသည့် ဗုဒ္ဓဆင်းတု ဖြစ်သည်။ အလေးချိန်သည် ၅.၅ တန် (၅၅၀၀ ကီလိုဂရမ်) ရှိ၏။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝပ်ထရိုင်မစ်ကျောင်း (Wat Traimit) တွင် တည်ရှိသည်။
ဆင်းတုတော်သည် ၃ မီတာ (၉.၈ ပေ) မြင့်၏။ အလေးချိန် ၅.၅ တန် (5.4 long tons; 6.1 short tons) ရှိ၏။ (နောက်ထပ်တိုင်းတာမှုတစ်ခုက ဆိုထားသည်မှာ ဆင်းတုတော်သည် အောက်ခြေမှ ထိပ်ဖျားထိ ၉.၉၁ မီတာ ရှိ၏။ ပေါင်ခွင်မှ ဒူးနေရာအထိ ၃.၁ မီတာ ရှိ၏။) ဆင်းတုတော်ကို အစိတ်အပိုင်း ကိုးနေရာ ခွဲခြားနိုင်၏။[1] ၁၉ ရာစုအယ်ပိုင်းမတိုင်ခင်ကာလအထိ ဆင်းတုတော်သည် အယုဒ္ဓယရှိ ကျောင်းတော်တစ်ခုတွင် ရှိခဲ့သည်။ အယုဒ္ဓယရှိ ဇာစ်မြစ်ကို ချန်လှပ်ထားပါက ဆင်းတုတော်သည် ၁၇၅၀ ခန့်ကပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဆင်းတုတော်ရှိ ရွှေတို့သည် (၁၈ ကာရတ်) ရှိ၏။ ဒေါ်လာ ၂၅၀ သန်းတန်သည်ဟု ခန့်မှန်းကြသည်။[2] ဆင်းတုတော်၏ ခန္ဓာကိုယ်သည် ၄၀% ရွှေအစစ်ဖြစ်၏။ မေးစေ့မှ နဖူးအထိသည် ၈၀% ရွှေအစစ်ဖြစ်၏။ ဆံပင်နှင့် သျှောင်သည် ၄၅ ကီလိုဂရမ် အလေးချိန်ရှိကာ ၉၉% သည် ရွှေအစစ်ဖြစ်ကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.