ရော့ခ်ဂီတသည် လူကြိုက်များသော ဂီတအမျိုးအစားတခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ၁၉၄၀ ခုနှစ်များနှောင်းပိုင်း ၁၉၅၀ ခုနှစ်များအစောပိုင်း၌ "rock and roll" မှ အခြေတည်လာခဲ့သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံများတွင်[3] ၁၉၆၀ ခုနှစ်များအလယ်၌ မတူညီသောပုံစံများဖြင့် ပေါ်ထွက်လာခဲ့သည်။ ယင်းသည် ဘလူးစ် ဂီတနှင့် ကန်းထရီးဂီတမှ တိုက်ရိုက်ပုံစံယူထားသော rock and roll မှ အခြေပြုထားသည်။

အချက်တိုများ ရော့ခ်ဂီတ, ဖန်တီးသူ သို့ ဇာတိ ...
ပိတ်ရန်

ရော့ခ်ဂီတသည် တူရိယာအတွက် အဓိကအားဖြင့် လျှပ်စစ်ဂစ်တာပေါ်တွင် ဗဟိုပြုထားပြီး သီဆိုသူအဖွဲ့ဝင်များ၊ လျှပ်စစ်ဘေ့စ်ဂစ်တာ၊ ဒရမ်များ စသည်တို့ ပါဝင်သည်။ ရော့ခ်ဂီတသည် ပေါ့ပ် ဂီတကဲ့သို့ စိတ်ကူးယာဉ်ဆန်သော အချစ်သီချင်းစာသားများ ပါဝင်သလို လူမှုရေး သို့မဟုတ် နိုင်ငံရေးနှင့်သက်ဆိုင်သော အခြားသီချင်းစားပုံစံများစွာလည်း ပါဝင်သည်။ ၁၉၅၀ ခုနှစ်များမှ ၂၀၁၀ ခုနှစ်များအထိ ရော့ခ်ဂီတသည် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်ကမ္ဘာအတော်များများတွင် လူကြိုက်အများဆုံး ဂီတအမျိုးအစားဖြစ်သည်။

၁၉၆၀ ခုနှစ်လယ်ပိုင်များတွင် ရော့ခ်ဂီတသည် single သီချင်းများထက် album ထုတ်ဝေမှုကို အလေးပေးခဲ့သည်။ ၁၉၆၀ ခုနှစ်များနှောင်းပိုင်းသည် ရှေးရိုး ရော့ခ်ဂီတ ကာလဟု သတ်မှတ်နိုင်ပြီး နောက်ပိုင်းတွင် blues rock, folk rock, country rock, southern rock, raga rock, နှင့် jazz rock အစရှိသော ရော့ခ်ဂီတအခွဲများ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် alternative rock သည် ရော့ခ်ဂီတတွင် စတင်လွှမ်းမိုးလာခဲ့သည်။



ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.