ယူးတားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်း ရော့ကီး တောင်တန်း ဒေသဘက်တွင် တည်ရှိသည်။ မြောက်ဘက်တွင် အိုင်ဒဟိုးပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ဝိုင်းအို မင်းပြည်နယ်၊ အရှေ့ဘက်တွင် ကော်လိုရာဒိုပြည်နယ်နှင့် တောင်ဘက်တွင် အရီဇိုးနားပြည်နယ်တို့ အသီး အသီး ဝန်းရံလျက်ရှိ၏။ ယူးတားပြည်နယ် တစ်ခုလုံးသည် ကုန်းပြင်မြင့်ဖြစ်၍ ဝေါဆက် တောင်တန်းသည် ထိုပြည်နယ်ရှိ တောင်နှင့်မြောက် ဖြတ်လျက် တည်ရှိသည်။ အရှေ့မြောက်ဘက်၌ ယူအင်းတာတောင်တန်းများ ရှိလေသည်။ ထင်ရှားသော မြစ်များမှာ ကော်လိုရာဒိုမြစ်၊ ဝက်ဗာမြစ်၊ ဗဲယားမြစ်နှင့် ဂျော်ဒန်မြစ်တို့ ဖြစ်၏။ ဂျော်ဒန်မြစ်သည် ဂရိတ်ဆော့လိပ်ခေါ် ရေငန်အိုင်ကြီးထဲသို့ စီးဝင်သည်။ ထိုရေငန်အိုင်ထဲရှိ ရေသည် ပင်လယ်ရေထက်ပင် သုံးဆကျော်မျှ ပို၍ ငန်၏။ ထိုအိုင်ကြီး၏ အနောက်ဘက်တွင်ရှိသော ဂရိတ်ဆော့လိပ် သဲပြင်ကြီး ပေါ်၌ ကမ္ဘာ့စံချိန်ထွင်သည့် မော်တော်ကား အမြန်စီးပွဲများကို ကျင်းပလေ့ရှိသည်။

အချက်တိုများ ယူးတားပြည်နယ်, နိုင်ငံ ...
ယူးတားပြည်နယ်
Thumb
အလံတော်
Thumb
စည်းတံဆိပ်
Thumb
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ယူးတား အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodUtah Territory
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
၄ ဇန်နဝါရီ ၁၈၉၆ (45th)
အကြီးဆုံးမြို့မြို့တော်
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများဆော့လိပ်စီးတီးမြို့
အစိုးရ
  ပြည်နယ်အုပ်ချုပ်ရေးမှူးGary Herbert (R)
  လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Spencer J. Cox (R)
လူဦးရေ
  စုစုပေါင်း၂,၉၀၀,၈၇၂ (၂၀၁၃ ခန့်မှန်း)[1]
  သိပ်သည်းမှု၃၄.၃/sq mi (၁၃.၂/km)
  ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၅၀,၆၁၄
  ဝင်ငွေအဆင့်၁၁th
ဘာသာစကား
  ရုံးသုံးဘာသာစကားအင်္ဂလိပ်ဘာသာ
လတ္တီကျူ37° N to 42° N
လောင်ဂျီကျူ109° 3′ W to 114° 3′ W
ပိတ်ရန်

ယူးတားပြည်နယ်တွင် မိုးအလွန်နည်း၍ ခြောက်သွေ့သဖြင့် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများကို အားကိုးရသည်။ စိုက်ပျိုးရေးနှင့် သတ္တုတူဖော်ရေးလုပ်ငန်းတို့သည် အရေးပါအရာရောက်သော လုပ်ငန်းများ ဖြစ်သည်။ သိုးဆိတ်များကိုလည်း မွေးမြူကြသည်။ ဂျုံ၊ သကြား မုန်လာ၊ မြင်းစားဂျုံ၊ မုယော၊ အယ်လဖားဖားပင်၊ ဟင်းသီးဟင်းရွက်တို့သည် ထင်ရှားသော ကောက်ပဲသီးနှံများဖြစ်၍ ယူးတားပြည်နယ်၌ ကြက်သွန်ကို အကြီးအကျယ် စိုက်ပျိုးသည်။

ယူးတားပြည်နယ်သည် တွင်းထွက်သတ္တုများဖြင့် ကြွယ်ဝ၍ ရွှေကို အများဆုံး တူးဖော်ရရှိသည်။ အခြား ထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ ကြေးနီ၊ ငွေ၊ ခဲ၊ သွပ်တို့ ဖြစ်သည်။ ယူးတားဟူသော ပြည်နယ်အမည်မှာ ထိုဒေသ၌မူလက နေထိုင်ခဲ့သော ယူတေး၊ သို့မဟုတ် ယူတော အင်ဒီးယန်းလူမျိုးကို အစွဲပြု၍ ခေါ်ထားသော အမည်ဖြစ်၏။ ၁၈၄၇ ခုနှစ်သို့ ရောက်သောအခါ၌ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှ မော်မန်ဂိုဏ်းဝင် အချို့သည် ယူးတားပြည်နယ်သို့ လာရောက်၍ အခြေ စိုက်နေထိုင်သည်။ ၁၈၄၈ ခုနှစ်တွင် ထိုနယ်ပယ်ဒေသသည် အမေရိကန်ပြည်ထောင်စု၏ ပိုင်နက် နယ်ပယ် ဖြစ်လာခဲ့သည်။ ၁၈၅ဝ ပြည့်နှစ်တွင် ယူးတားပြည်နယ်ဟူ၍ ဖွဲ့စည်းခဲ့၏။ ထိုစဉ်အခါက ယူတားပြည်နယ်သည် ကုန်းခေါင်ခေါင်အရပ်ဖြစ်၏။ သို့ရာတွင် မော်မန်တို့၏ ကြိုးပမ်းမှုကြောင့် နောင်အခါ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတို့ဖြင့် စည်ကားသော ပြည်နယ်ဖြစ်လာပေသည်။ ထို ကြောင့် ယူးတားပြည်နယ်ကို ပျားအုံပြည်နယ်ဟုလည်း ခေါ်ကြသည်။ ယူးတားပြည်နယ် သည် ၁၈၉၆ ခုနှစ်တွင် ပြည်ထောင်စုအတွင်း ပြည်နယ်တစ်နယ်အဖြစ် ပါဝင်ခွင့် ရခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းက ယူးတားပြည်နယ်ရှိ စက်ရုံများ၊ လယ်ယာခြံမြေများနှင့် သတ္တုတွင်းများတွင် ကုန်ထုတ်လုပ်မှု အကြီးအကျယ် တိုးတက်ခဲ့သည်။ ထိုနောက်တွင်လည်း စက်မှုလက်မှုလုပ်ငန်းများသည် များစွာ တိုးတက်ထွန်းကားလျက် ရှိ၏။ ၁၉၅၂ ခုနှစ်တွင် ယူးတားပြည်နယ် အရှေ့ အလယ်ပိုင်းတွင် ယူရေးနီးယမ်း သတ္တုတွေ့ရှိခဲ့သည်။

ယူးတားပြည်နယ်သည် ၈၄,၈၉၉ စတုရန်းမိုင် ကျယ်ဝန်း၍ လူဦးရေ ၂,၉၀၀,၈၇၂ (၂၀၁၃ ခန့်မှန်း) ရှိသည်။ မြို့တော်မှာ လူဦးရေ ၁၈၉၄၅၄ ယောက်ရှိသော ဆော့လိပ်စီးတီးမြို့ ဖြစ်သည်။ [2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.