ကမ္ဘာ့အမွေအနှစ်နေရာ From Wikipedia, the free encyclopedia
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (အင်္ဂလိပ်: United Nations Educational, Scientific and Cultural Organization; ပြင်သစ်: Organisation des Nations unies pour l'éducation, la science et la culture; UNESCO; /juːˈnɛskoʊ/) သည် ကုလသမဂ္ဂ၏ အထူး အေဂျင်စီတစ်ခုဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ကနဦး ရည်ရွယ်ချက်မှာ ကုလသမဂ္ဂ အမိန့်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာထားသော အခြေခံ လွတ်လပ်ခြင်းနှင့်အတူ တရားမျှတမှု၊ ဥပဒေစည်းမျဉ်းနှင့် လူ့အခွင့်အရေးတို့ကို ပိုမို၍ ချွင်းချက်မရှိ လေးစားရန် ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုတို့အားဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ခြင်းကို မြှင့်တင်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပေးဝေရန်ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး(League of Nations) ၏ တွေးခေါ်မှု ပူးပေါင်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကို ဆက်ခံခြင်းဖြစ်သည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ | |
![]() | |
![]() | |
အတိုကောက် | UNESCO ONUÉSC |
---|---|
ဖွဲ့စည်းခြင်း | နိုဝင်ဘာ ၁၆၊ ၁၉၄၅[၁] |
အမျိုးအစား | အထူးအေဂျင်စီ |
တရားဝင်အနေအထား | Active |
ဌာနချုပ် | Place de Fontenoy၊ ပါရီမြို့၊ ပြင်သစ်နိုင်ငံ |
အဖွဲ့ဝင်များ | ၁၉၅ |
အကြီးအကဲ | Irina Bokova ယူနက်စကို၏ အထွေထွေညွှန်ကြားရေးမှူး |
ဝက်ဘ်ဆိုဒ် | www.unesco.org |
ယူနက်စကို၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှာ အထွေထွေညီလာခံ ဖြစ်ပြီး အထွေထွေညီလာခံတွင် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ရသည်။ အထွေထွေညီလာခံ၏ အောက်တွင် အမှုဆောင်အဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့တို့ ရှိသည်။ ယူနက်စကိုတွင် အသင်းဝင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ရှိပြီး တွဲဖက်အသင်းဝင် ခုနှစ် နိုင်ငံရှိသည်။ အဖွဲ့သည် ပဲရစ်တွင် အခြေထိုင်ပြီး နယ်မြေရုံးပေါင်း ၅၀ ကျော်နှင့် အထူးလေ့လာသော တက္ကသိုလ်များနှင့် စင်တာများ ကမ္ဘာအနှံ့အပြားရှိသည်။ နယ်မြေရုံး အများစုသည် “စုပေါင်း” ရုံးများ ဖြစ်ပြီး နိုင်ငံ သုံးနိုင်ငံ သို့မဟုတ် ထို့ထက်များသော နိုင်ငံများပါဝင်သည်၊ နိုင်ငံဆိုင်ရာရုံးများနှင့် ဒေသဆိုင်ရာရုံးများလည်း ရှိသည်။ ယူနက်စကိုသည် ၎င်း၏ ရည်မှန်းချက်ကို အဓိက အစီအစဉ် ငါးခုဖြင့် လုပ်ဆောင်သည်- ပညာရေး၊ သဘာဝသိပ္ပံ၊ လူမှုရေးနှင့် လူသားသိပ္ပံ၊ နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် တို့ဖြစ်သည်။ ယူနက်စကိုမှ ကမကထပြုသော စီမံကိန်းများတွင် စာတတ်မြောက်ရေး၊ နည်းပညာရပ်နှင့် ဆရာအတတ်သင် အစီအစဉ်များ၊ အပြည်ပြည်ဆိုင်ရာ သိပ္ပံအစီအစဉ်များ၊ လွတ်လပ်သော လူထုဆက်သွယ်ရေး လမ်းကြောင်းများနှင့် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို မြှင့်တင်ရေး၊ ဒေသဆိုင်ရာနှင့် ယဉ်ကျေးမှု သမိုင်း စီမံကိန်းများ၊ ယဉ်ကျေးမှု အမျိုးမျိုး မြှင့်တင်ရေး၊ ကမ္ဘာ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် (ကမ္ဘာ့ အမွေအနှစ် နေရာများ)ကို စောင့်ရှောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး သဘောတူညီချက်များနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကမ္ဘာအနှံ့တွင် ဒီဂျစ်တယ်ပိုင်းခြားမှုကို ပေါင်းကူးဆက်သွယ်ရန် ကြိုးစားဆောင်ရွက်ရေးတို့ ပါဝင်သည်။
ယူနက်စကို၏ လုပ်ငန်းတာဝန်မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် ပညာရေးကို တိုးမြှင့်ပေးကာ ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်ပေးရန်နှင့် အသိပညာ ဗဟုသုတကို တိုးမြှင့်ပေး၍ အပြည်ပြည်ဆိုင်ရာ နားလည်မှုကို မြှင့်တင်ပေးရန် ဖြစ်၏။ ဤရည်ရွယ်ချက်ဖြင့် ယူနက်စကိုသည် ကျွမ်းကျင်သူ ပါရဂူများ၏ ညီလာခံများနှင့် အစည်းအဝေးများကို စီစဉ်ကျင်းပပေးပြီး ပညာရပ်ဆိုင်ရာ သုတေသနပြုရေး ကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ပေးကာ စာအုပ်စာတမ်းများ ထုတ်ဝေလျက်ရှိသည်။
ယူနက်စကိုသည် ၎င်း၏ လှုပ်ရှားဆောင်ရွက်မှုများကို ပညာရေး၊ သဘာဝသိပ္ပံ၊ လူမှုရေးနှင့် လူသားသိပ္ပံ၊ နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဟူသော နယ်ပယ်များအတွက် အစီအစဉ် ငါးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်သည်။
Seamless Wikipedia browsing. On steroids.